Healthy Life Ad
Q & A

၀မ်းနုတ်ဆေး တလွဲသုံးခြင်း (Laxative Abuse)

– ဒေါက်တာတင့်ဆွေ

ဆရာရှင့် ကျွန်မ အသက် ၃၄ နှစ်ပါ။ လွန်ခဲ့တဲ့ ၁၀ နှစ်ကျော်ထဲက ဆရာမိုးဆေးတွေ သောက်ခဲ့တာ အခု ကျွန်မကိုယ်ဝန် ၄ ပတ်ဆိုတာသိသိချင်း ဆရာ မိုးဆက်မသောက်တော့ပါဘူးဆရာ။ ဒါပေမဲ့ ဝမ်းလုံး ဝသွားလို့မရဘူးဆရာ။ ကျေးဇူးပြုပြီး ညွှန်ကြားပေးပါရှင့်။ ကျေးဇူးအထူးတင်ပါတယ်။ သားဦးပါဆရာ။

ဝမ်းနုတ်ဆေးကိုတလွဲသုံးတဲ့သူတွေ မနည်းပါ။ ကျွန်တော်အထက်တန်းကျောင်းတုံးက ဆရာတဦး ကနေ စာမသင်ခင် နေ့တိုင်း ၅ မိနစ်လောက်ကြာသုတဖြစ်စရာတခုခုပြောတာထဲမှာ ဝမ်းနုတ်ဆေး ကောင်းကြောင်းလည်းပါတယ်။ အခုလို ရေးရတာက ဆရာ့ကိုစော်ကားသလိုတော့ဖြစ်ပါမယ်။ ကျွန်တော်က ဆရာသင်ပေးလိုက်တဲ့သင်္ချာနဲ့ ဆရာဝန် ဖြစ်လာတာပါ။ ကန်တော့ပါဆရာ။
မြန်မာပြည်မှာ ဝမ်းနုတ်ဆေးသောက်တာ အပုပ်အညစ်အကြေးကင်းစင်စေတယ်လို့ ယူဆကြတယ်။

တချို့က ကိုယ်အလေးချိန်ကျစေမယ် ယူဆကြတယ်။ ဝမ်းနုတ်ဆေးသောက်ရင် အစာလမ်းမှာ ရှိတာမှန်သမျှကို ဆေးကြောင့် ထွက်သွားစေတယ်။ ကိုယ်ခန္ဓာအတွက်လိုအပ်တာတွေလည်း ဆုံးရှုံးစေတယ်။ အစာအဟာရဖြစ်မှာတွေလည်း နည်းစေတယ်။ ရေနဲ့ဓာတ်ဆားတွေ ကုန်ခမ်းစေတယ်။

ဝမ်းဆိုတာအကျင့်ဖြစ်တယ်။ ဝမ်းချုပ်သူတွေ ဖိုက်ဘာများတဲ့အစားအသောက်ကနေ ဝမ်းမှန်စေတယ်။ ရေ + အရည်များများ သောက်ရတယ်။ ကိုယ်လက်လှုပ်ရှားမှုလည်း မနည်းရပါ။ လိုအပ်လို့ ဝမ်းသွားစေတဲ့ဆေးသောက်ရင်လည်း ဆေးရွေးရတယ်။ ဝမ်းနုတ်ဆေးတွေက အလုပ်လုပ်ပုံခြင်းမတူကြပါ . . .

ဆိုဒီယမ်၊ မဂ္ဂနီဆီယမ်နဲ့ ပိုတက်ဆီယမ် ဓာတ်ဆားတွေ နည်းသွားစေမယ်။ အဲဒါတွေက ကြွက်သား တွေကိုအလုပ်လုပ်ပေးနေတဲ့ အာရုံကြောတွေကို အားနည်းသွားစေတယ်။ အူမကြီးနဲ့ နှလုံးကြွက်သား တွေကိုထိခိုက်စေတာကဆိုးတယ်။ ရေ + ဆား ခမ်းခြောက်တာဖြစ်စေမယ်။ များရင် များသလို ခြေလက် တုန်မယ်။ အားနည်းနေမယ်။ မျက်စိအကြည့် ဝေ၀ါးစေမယ်။ သတိလစ်ချင်သလိုဖြစ်နိုင်တယ်။ ကျောက်ကပ်ကိုထိခိုက်မယ်။

Laxative dependency ဆိုတာ ဝမ်းနုတ်ဆေးအပေါ် မှီခိုနေရတဲ့ဘဝဖြစ်လာစေမယ်။ အဲဒါ မသောက်ရင် မသွားတော့တဲ့ အကျင့်ကို လုပ်ယူရာကျတယ်။ ကြာတော့ ဆေးအလေးချိန်ပိုမှသာ ဝမ်းက သွားတော့မယ်။

ပိုပိုဆိုးလာစေနိုင်တယ်။ Lazy colon ငပျင်း အူမကြီးလို့ခေါ်တယ်။ ပိုးလည်း ဝင်လွယ်မယ်။ Irr­i­­table Bowel Syndrome ဆိုတာလည်းဖြစ်စေနိုင်တယ်။ ရှားပါးပေမယ့်ဖြစ်နိုင်တာတခုက အသည်းကိုထိခိုက်တာ။
အူမကြီးကင်ဆာအထိ စဉ်းစားရတယ်။

ဝမ်းဆိုတာအကျင့်ဖြစ်တယ်။ ဝမ်းချုပ်သူတွေ ဖိုက်ဘာများတဲ့အစားအသောက်ကနေ ဝမ်းမှန်စေတယ်။ ရေ + အရည်များများ သောက်ရတယ်။ ကိုယ်လက်လှုပ်ရှားမှုလည်း မနည်းရပါ။ လိုအပ်လို့ ဝမ်းသွားစေတဲ့ဆေးသောက်ရင်လည်း ဆေးရွေးရတယ်။ ဝမ်းနုတ်ဆေးတွေက အလုပ်လုပ်ပုံခြင်းမတူကြပါ။

Benefiber, Citrucel, FiberCon, Met-amucil တွေကို Bulk-forming laxatives ထုထည်များစေတဲ့ဆေးလို့ ခေါ်တယ်။

– Dulcolax eJY Senokot နှိုးဆွပေးတဲ့ Sti- mulant laxatives ဆေးလို့ခေါ်တယ်။

Milk of Magnesia, Miralax ကို Oral Osmotics လို့ခေါ်တယ်။

Colace, Surfak ကို Oral Stool softeners လို့ခေါ်တယ်။

Bisacodyl, Pedia-Lax, Dulcolax တွေကို Rectal stimulants လို့ခေါ်တယ်။

– ဝမ်းနုတ်ဆေးမတူတာတွေကို ရောထားတဲ့ Combination laxatives ဆေးမျိုးလည်းရှိတယ်။

အသက် (၆) နှစ်အောက် ဝမ်းနုတ်ဆေး မပေးသင့်ပါ။ ကိုယ်ဝန်ဆောင်နေရင်လည်း Bulk-for­ming laxatives နဲ့ JY stool softeners တွေကိုသာ သုံးသင့်တယ်။ Stimulant laxatives ဆေးမျိုးက ဒုက္ခပေးနိုင်တယ်။ ကလေးနို့တိုက်ချိန်မှာလည်းသတိ ထားရမယ်။

တချို့ဝမ်းနုတ်ဆေးတွေက သောက်နေတဲ့ ဆေးတွေနဲ့ဓာတ်ပြုနိုင်တယ်။ ဥပမာ Warfarin (Coumadin) သွေးကျဲဆေး။ ဝမ်းနုတ်ဆေးသောက်လို့ ကံမကောင်းရင် အူအတက်ရောင်ဖြစ်စေနိုင်တယ်။ အူလမ်းပိတ်တာ ဖြစ်စေနိုင်တယ်။

အဲဒီကျန်းမာရေးနဲ့မညီညွတ်တဲ့အကျင့်ကို ဖျောက်ရတာ ခက်တော့ခက်တယ်။ မယုံလို့လည်း ပါတယ်။ အသိရှိတာတောင် ပြန်ပြင်ရတာမှာ ဆေးပညာရှင် အုပ်စုလိုက်ကနေ လုပ်ပေးရတတ်တယ်။ အထွေထွေရောဂါကုဆရာဝန်၊ စိတ်အထူးကု ဆရာဝန်၊ ဆွေးနွေးပြောဆိုပေးမယ့် ကောင်ဆယ်လာ တွေပါရတယ်။ အာဟာရကျွမ်းကျင်သူလည်းလိုတယ်။ ဆွေမျိုးမိတ်ဆွေကလည်း ဝိုင်းကူမှရတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top