Healthy Life Ad
Q & A

ဆရာဝန်စမ်းတဲ့အခါမျက်လုံးကြည့်တာဘာကြောင့်လဲ. . .

မေး ။ဖျားနာတဲ့သူကို ဘာကြောင့် မျက်လုံးကြည့်ကြတာလဲ။ သိချင်လို့ပြောပြပေးပါ။
Thuzar Aung (Fb)

ဒေါက်တာကျော်စွာဦး (ရောင်ခြည်သစ်ကုသိုလ်ဖြစ်ဆေးခန်း၊ တာဝန်ခံ) မှ ပြန်လည်ဖြေကြားပေးပါသည် ။

ဖြေ ။ ဖျားတာရယ်လို့ မဟုတ်ပါဘူး။ လူနာတွေကို စမ်းတဲ့အခါ မျက်စိကြည့်တာက သွေးအားနည်းရောဂါ ရှိ၊ မရှိ၊ အသားဝါတာရှိ၊ မရှိ ကြည့်တာပါ။ မျက်စိဝါနေတယ် (Jaundice)ဆိုရင် ငှက်ဖျားကြောင့်လား၊ အသည်းရောင်တာလား စသဖြင့် တခြား ထည့်သွင်းစဉ်းစားစရာတွေရှိပါတယ်။ ဒါကြောင့် ဖျားတာပဲ ဖြစ်ဖြစ်၊ နာမကျန်းဖြစ်တာပဲဖြစ်ဖြစ် လူနာစမ်းတဲ့အခါ သွေးအားနည်းသလား၊ အသားဝါသလား သိရအောင်မျက်စိကြည့်တာ၊ လျှာထုတ်ခိုင်းပြီး ကြည့်တာတွေလုပ်ရတာပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top