Healthy Life Ad
Health Tips

လူနာပြုစုစောင့်ရှောက်နေရချိန်အတွင်း လူနာပြုစုသူ ဒဏ်ခံနိုင်စေရန်

———၊ ဇွန်ခိုင်ဦး(ဆေးဝါးတက္ကသိုလ်) ၊———

လူနာကို ပြုစုစောင့်ရှောက်နေရချိန်မှာ စိတ်ရောကိုယ်ပါ ကြံ့ကြံ့ခံနိုင်တဲ့ ဒူပေနာပေအခံနိုင်ဆုံး လူတွေတောင်မှ ဖိစီးမှုဖြစ်ကာ ပင်ပန်းနွမ်းနယ်ရတတ်ပါတယ်။ လူနာက အယ်လ်ဇိုင်းမားရောဂါ၊ နှလုံးရောဂါ၊ လေဖြတ်ခြင်းစတဲ့ နာတာရှည်ဝေဒနာတစ်မျိုး ခံစားနေရတဲ့ မိဘ ဒါမှမဟုတ် အိမ်ထောင်ဖက်ဖြစ်ခဲ့ရင်၊ မသန်စွမ်းတဲ့ ဆွေမျိုးရင်းချာတစ်ဦးဖြစ်ခဲ့ရင် သူတို့အနားမှာ စောင့်ရှောက်ဖို့ လူနာစောင့်ရှောက်သူတစ်ဦး အမြဲလိုအပ်နေနိုင်ပါတယ်။ သင်ဟာ လူနာစောင့်ရှောက်သူတစ်ဦး ဖြစ်ခဲ့မယ်ဆိုရင် သူတို့ကိုပြုစုစောင့်ရှောက်ရင်း သင့်စိတ်နဲ့ခန္ဓာမှာ ဖိစီးမှုဒဏ်မခံရအောင် ဂရုစိုက်သင့်ပါတယ်။ တကယ်လို့ လူနာပြုစုသူမှာ ရုပ်ပိုင်းဆိုင်ရာကော၊ စိတ်ပိုင်းဆိုင်ရာမှာပါ ဒဏ်ရာရရှိသွားရင် ကျန်းမာရေးကောင်းမွန်မှုအဆင့် လျော့ကျသွားစေနိုင်ပါတယ်။ ကျန်းမာရေးမကောင်းရက်နဲ့ ပေတေပြီးပြုစုနေမယ်ဆိုရင် နာလန်မထနိုင်လောက်အောင် ကိုယ်ခံအားစနစ်ကျဆင်းကာ ပြင်းထန်တဲ့ကျန်းမာရေးပြဿနာ ကြုံတွေ့ရနိုင်ခြေရှိပါတယ်။ ဒါကြောင့် သူတစ်ပါးကို ပြုစုစောင့်ရှောက်တော့မယ်ဆိုရင် သင့်ကိုယ်သင် အရင်ဆုံးမေးသင့်တာက ကိုယ့်ကျန်းမာရေးကိုကော စောင့်ရှောက်နိုင်သူ ဟုတ်ရဲ ့လားဆိုတာကိုပါ။ ကိုယ့်ကျန်းမာရေးကို ကောင်းမွန်နေအောင်၊ စိတ်ဓာတ်ကြံ့ခိုင်နေအောင် ထိန်းထားနိုင်သူမဟုတ်ရင် နာတာရှည်ခံစားနေရတဲ့ လူနာကို ကောင်းကောင်းစောင့်ရှောက်နိုင်ဖို့ မလွယ်ပါ။

alignnone size-medium wp-image-63536
လူနာပြုစုစောင့်ရှောက်သူတွင် စိတ်ဖိစီးမှုခံစားနေရပါက . . .

လူနာကို သက်သောင့်သက်သာနဲ့ အဆင်ပြေပြေနေထိုင်နိုင်အောင် အထူးဂရုပြုစောင့်ရှောက်နေချိန်မှာ မိမိကိုယ်တိုင် ကျန်းမာလန်းဆန်းကာ စွမ်းအင်ပြည့်နေရဲ ့လားဆိုတာကို ဆန်းစစ်နေရပါမယ်။ ဒါမှသာ လူနာကို ရေရှည်ပြုစုစောင့်ရှောက်နိုင်မှာပါ။ လူနာကို ပြုစုနေချိန်မှာ အောက်ပါလက္ခဏာတွေ ခံစားနေရရင် သင်အနေနဲ့ အနားယူသင့်နေပါပြီ။

• တစ်ချိန်လုံး ပင်ပန်းနွမ်းနယ်နေခြင်း

• စိတ်ထိခိုက်ကာ စိတ်မသက်မသာခံစားနေရခြင်း

• အိပ်ချိန်နည်းလွန်းခြင်း ဒါမှမဟုတ် များလွန်းခြင်း

• ကိုယ်အလေးချိန်များစွာ မြင့်တက်လာခြင်း ဒါမှမဟုတ် အလွန်အမင်း လျော့ကျသွားခြင်း

• စိတ်ပါခဲ့တဲ့ အရာတွေကို စိတ်ဝင်စားမှု နည်းသွားခြင်း

အထက်ပါအချက်တွေဟာ စိတ်ဖိစီးမှုများနေကြောင်း ပြသတဲ့ လက္ခဏာတွေပါ။ စိတ်ဖိစီးမှုကို ခံစားရတာကြာလာရင် စိတ်ဓာတ်ကျရောဂါ ဒါမှမဟုတ် စိုးရိမ်စိတ်များခြင်း ဖြစ်လာတတ်ပါတယ်။ အဲဒီအချိန်မှာ လူနာကို စောင့်ရှောက်နေရတဲ့အတွက် ကိုယ်လက်လှုပ်ရှားမှု ကောင်းကောင်းမလုပ်နိုင်ရင် ဒါမှမဟုတ် အာဟာရပြည့်ပြည့်ဝ၀ မစားဖြစ်ရင် နှလုံးရောဂါနဲ့ ဆီးချိုရောဂါတို့လို ရောဂါတွေရဲ့ဖြစ်နှုန်းကို တိုးမြင့်စေပါတယ်။

လူနာပြုစုသူ၏ စိတ်ဖိစီးမှု သက်သာလျော့ပါးစေရန်

လူနာပြုစုစောင့်ရှောက်ရသူတိုင်း စိတ်ရောကိုယ်ပါ နွမ်းနယ်ပင်ပန်းမှု သက်သာစေဖို့ လိုက်နာသင့်တဲ့ နည်းလမ်းတွေကို ဖော်ပြပေးလိုက်ပါတယ်။

alignnone size-medium wp-image-63537
(၁) အကူအညီကို လက်ခံပါ

တခြားသူတွေက သင့်ကို ကူညီနိုင်မယ့် နည်းလမ်းကိုမေးပါ။ သင့်ကို တကယ်အကူအညီ ပေးနိုင်လောက်တဲ့သူကို အကူအညီတောင်းပါ။ ဥပမာ- သင့်အိမ်အတွက် ဈေးဝယ်ခိုင်းတာမျိုး၊ သင်အနားယူနေစဉ် သင်စောင့်ရှောက်နေတဲ့ လူနာအနားမှာ အချိန်ပိုင်းစောင့်ရှောက်ခိုင်းတာမျိုး အကူအညီတောင်းကြည့်ပါ။ သင့်ပတ်ဝန်းကျင်က လူတချို့ဟာ စေတနာ့ဝန်ထမ်းအဖြစ် ဝမ်းမြောက်ဝမ်းသာ ကူညီချင်ကြကြောင်း သင်လက်တွေ့သိလာပါလိမ့်မယ်။

alignnone size-medium wp-image-63538
(၂) အပြစ်မမြင်ပါနဲ့

လူနာပြုစု စောင့်ရှောက်ရာမှာ ဘယ်သူမှတော့ အပြည့်အဝကျွမ်းကျင်နိုင်မှာ မဟုတ်ပါဘူး။ “အရေးထဲ ငါကလည်း ပင်ပန်းနေသေးတယ်” ၊”နှစ်ကိုယ်ခွဲထားလို့ရရင် ခွဲထားလိုက်ချင်တယ်” စသဖြင့် ကိုယ့်ကိုယ်ကိုယ် အပြစ်မြင်စိတ် မထားပါနဲ့။

(၃) အကြောင်းကြားပါ

သင်စောင့်ရှောက်နေသူမှာ ကျန်းမာရေးဖောက်ပြန်မှု တစ်စုံတစ်ရာ ကြုံတွေ့နေရရင် မိသားစုဆရာဝန် ဒါမှမဟုတ် လူမှုကူညီရေးအသင်း စတာတွေကို အကြောင်းကြားပြီး တိုင်ပင်ဆွေးနွေးပါ။

alignnone size-medium wp-image-63539
(၄)ထောက်ပံ့ကူညီရေးအသင်းနှင့် ဆက်သွယ်ပါ

ဘာသာရေးအသင်းအဖွဲ့တွေ ဒါမှမဟုတ် လူမှုရေး ကူညီမှုအသင်းတွေနဲ့ ဆက်သွယ်ထားရင် လူနာနဲ့ သင့်အတွက် လိုအပ်တဲ့နှစ်သိမ့်မှု၊ အေးချမ်းမှုနဲ့ အကူအညီရရှိပါလိမ့်မယ်။

(၅) မိသားစု၊ အပေါင်းအသင်းနှင့် အဆက်အသွယ်မပြတ်ပါစေနှင့်

မိသားစု၊ ဆွေမျိုး၊ အပေါင်းအသင်းတွေနဲ့ အဆက်အသွယ်မပြတ် ထိတွေ့နေထိုင်ပြီး အကူအညီရနေတာက သင့်အတွက် ခွန်အားတစ်ရပ်ပါပဲ။

Most Popular

Healthy Life Ad
To Top