Healthy Life Ad
Men

ပေးဆပ်တယ်ဆိုတာ . . .

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

တစ်ခါတုန်းက မိန်းကလေးတစ်ယောက်ဟာ မူကြိုကျောင်းလေးကို အရုပ်အသစ်လေး တစ်ရုပ် ယူလာခဲ့ပါတယ်။ အရုပ်လေးက လှလွန်းလို့ မိန်း ကလေးတွေတင်မက ကောင်လေးတွေတောင် သဘောကျ နှစ်ခြိုက်ကြပါသတဲ့။

အရုပ်လေးကိုယူပြီး မူကြိုကျောင်းက မိန်းကလေး၊ ယောကျာ်းလေးမှန်သမျှ ယူကစားလိုက်တာ အရုပ်လေးက ကျိုးသွားခဲ့ပါလေရော . .

အရုပ်ပိုင်ရှင် မိန်းကလေးလည်း ဝမ်းပမ်းတနည်း ငိုကြွေးတော့တာပေါ့။

အဲဒါကို မြင်တဲ့ ကောင်လေးတစ်ယောက်က စိတ်မကောင်းလွန်းလို့ သူ့သူငယ်ချင်းမလေးကို အရုပ်လေးပြန်အစားပေးဖို့ ဆုံးဖြတ်ခဲ့ပါသတဲ့။

သူ့မွေးနေ့ဖြစ်လို့ သူ့မိဘတွေက ဘာလိုချင်လဲလို့ မေးတဲ့အခါ အဲဒီအရုပ်လေးကို ဝယ်ပေးဖို့ တောင်းဆိုခဲ့ပါတယ်။

“သား ဒီအရုပ်လေးကို တကယ်လိုချင်တာလား”

သူ့ဖေဖေကမေးတော့ “ဟုတ်တယ်၊ သားကို မွေးနေ့လက်ဆောင်အဖြစ် ဒီအရုပ်လေးကိုပဲပေးပါ ဖေဖေ”ဆိုတာနဲ့ ဝယ်ပေးခဲ့တယ်။
ကောင်လေးက မူကြိုကျောင်းကို အဲဒီအရုပ်လေးယူသွားပြီး ပေးတော့ ကောင်မလေးဟာ သိပ်ကို ပျော်ရွှင်သွားတယ်။ သူ့အရုပ်လေး ပြန်ရတဲ့အတွက် ကျေးဇူးတင်ကြောင်း အထပ်ထပ်ပြောလို့ပေါ့။ ကောင်မလေးရဲ့ပျော်ရွှင်ဝမ်းသာမှုအတွက် ကောင် လေး စိတ်ချမ်းသာသွားပါတယ်။
_ _ _

အဲဒီည မွေးနေ့ညစာစားတော့ ကောင်လေးရဲ့ မိခင်က လက်ဆောင်ဘူးလေးတစ်ခု ပေးပါတယ်။

ကောင်လေးဖွင့်ကြည့်လိုက်တော့ နေ့လယ်က သူငယ်ချင်းမလေးကို ပေးလိုက်တဲ့ အရုပ်လေး။

“ဒါက သားအတွက် နောက်တစ်ခု ထပ်ပေးတာသား၊ ဒီနေ့ သားရဲ့လုပ်ရပ်လေးအတွက် ဖေဖေနဲ့ မေမေတို့ သိပ်ကိုဂုဏ်ယူမိပါတယ်”
ဘဝမှာပေးဆပ်လိုက်ရတယ်ဆိုပေမယ့် အမြဲ တမ်း ကုန်ဆုံးသွားတာ မဟုတ်ဘဲ တစ်နည်းတစ်ဖုံနဲ့ ကြည်နူးပျော်ရွှင်ရစေတယ်ဆိုတာ ကောင်လေး သဘောပေါက်သွားတယ်လေ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top