Healthy Life Ad
Health Tips

မီးဖိုချောင်ထဲက အစားအသောက်များ အန္တရာယ်ကင်းရှင်းရေး

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

မီးဖိုချောင်ထဲက အစားအသောက်တွေ ဘေးအန္တရာယ်ကင်းပြီး ပိုးဝင်ကူးစက်မှုမရှိစေဖို့ ရိုးစင်းတဲ့နည်းလမ်းလေးရပ်က သန့်ရှင်းရေး၊ ချက်ပြုတ်ရေး၊ သီးခြားထားရေးနဲ့ အအေးခံရေး စတာတွေ ဖြစ်ပါတယ်။

သန့်ရှင်းခြင်း
သင့်လက်နဲ့စဉ်းနှီတုံး၊ အစားအသောက်တင်တဲ့စားပွဲ စတာတွေကို သန့်ရှင်းဖို့ဆပ်ပြာရည်များများသုံးပါ။

ချက်ပြုတ်ခြင်း
အစားအသောက်တွေကို မိုက်ခရိုဝေ့ဖ်မီးဖိုနဲ့ ချက်ပြုတ်တဲ့အခါ အပူချိန် အနည်းဆုံး ၁၄၀ ဒီဂရီနဲ့ ၁၆၅ ဒီဂရီကြားမှာထားပြီး ချက်ပြုတ်ပါ။

သီးခြားထားရှိခြင်း
ပိုးဝင်ကူးစက်တဲ့ အန္တရာယ်မရှိစေဖို့ အစားအသောက်အစိမ်း၊ အထူးသဖြင့် အသား၊ ငါးအစိမ်းတွေကို အဆင်သင့်စားနိုင်တဲ့ အစာတွေ၊ ချက်ပြုတ်ထားတဲ့အစာတွေနဲ့ ခပ်ဝေးဝေးမှာထားပါ။

အအေးခံခြင်း
ထမင်းကျန်၊ ဟင်းကျန်တွေကို နှစ်နာရီအတွင်း ရေခဲသေတ္တာထဲချက်ချင်းထည့်ပါ။ စားခါနီး ပြန်နွှေးပါ။

အန္တရာယ်ကင်းရေး အကြံဉာဏ်များ
ဟင်းသီးဟင်းရွက် အစိမ်းတွေကို တသွင်သွင်စီးနေတဲ့ ဘုံပိုင်ရေအောက်မှာ ဆေးကြောပါ။မချက်ရသေးတဲ့ အသား၊ ငါး၊ ဟင်းသီးဟင်းရွက်တွေနဲ့ ချက်ပြီးသားအစာတွေကို သီးသန့်စီခွဲထားပါ။ စဉ်းနှီးတုံး၊ အသားလှီးဓား အစရှိတာတွေကို သေချာဆေးကြောပြီး လက်သုတ်ပဝါနဲ့သုတ်ပေးပါ။ထမင်းကျန်၊ ဟင်းကျန်တွေကိုပူအောင် ပြန်နွှေးပြီးမှစားပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top