Healthy Life Ad
International

လူနေလို့မရအောင် ညစ်ပတ်ရှုပ်ပွနေတဲ့အိမ်ထဲမှာ ကလေးတွေကိုထားတာကြောင့် မိဘနှစ်ပါးထောင်ကျ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက် ၃၀ ကျော်မိခင်နဲ့ အသက် ၄၀ ကျော်ဖခင်တို့ဟာ မစင်တွေ၊ ဆီးတွေ၊ ယင်ကောင်တွေနဲ့ ညစ်ပတ်စုတ်ပြတ်နေတဲ့ အိမ်ထဲမှာ ကလေးနှစ်ယောက်ကို ထားတာကြောင့် တရားစွဲခံခဲ့ရပြီး ထောင်ဒဏ်နှစ်နှစ်ကျခံခဲ့ရပါတယ်။

သူတို့ရဲ့ အသက် ၁၆ နှစ်အောက်ကလေးနှစ်ယောက်ဟာ ညစ်ပတ်တဲ့ပတ်ဝန်းကျင်ကြောင့် ခေါင်းမှာသန်းတွေအပြည့်နဲ့ အနည်းဆုံးနှစ်နှစ်ကြာ နေထိုင်နေခဲ့ပြီး စာသင်ရခက်ခဲတဲ့ဝေဒနာ ခံစားနေရပါတယ်။ ရဲတွေက သူတို့အိမ်ကို ဝင်စစ်ဆေးတဲ့အခါ နေရာတိုင်းမှာ သေးစော်နံနေပြီး မီးဖိုချောင်မှ ပုပ်သိုးနေတဲ့ အနံ့တွေရခဲ့တယ်လို့ဆိုပါတယ်။ ကော်ဇော်တွေက ခွေးအမွှေးတွေနဲ့ စွန်းထင်းကပ်နေပြီး မူရင်းအရောင်တောင်မရှိတော့ပါဘူး။ အိမ်သာမှာလည်း မစင်တွေကပ်ငြိကာ ပေပွေနေတယ်လို့သိရပါတယ်။ အခန်းတိုင်းမှာ အဝတ်တွေနဲ့ရှုပ်ပွနေပြီး ယင်ကောင်တွေနေရာအနှံ့ရှိနေကာ အနံ့တွေပြင်းလွန်းတာကြောင့် ရဲတွေတောင် မျက်ရည်ထွက်ကျကုန်ပါတယ်။

ရဲတွေက ကလေးနှစ်ယောက်ကို ကာကွယ်စောင့်ရှောက်ရေးဂေဟာသို့ ချက်ချင်းပို့ဆောင်ပေးခဲ့ပြီး နောက်ပိုင်းမှာ မိဘနှစ်ယောက်ကို တရားစွဲဆိုခဲ့ပါတယ်။ တရားရုံးက ကလေးတွေကို မသန့်ရှင်းတဲ့ပတ်ဝန်းကျင်မှာ ကြီးပြင်းစေတဲ့အပြစ်ကြောင့် မိဘတွေကို ထောင်ဒဏ်နှစ်နှစ်စီ ပြစ်ဒဏ်ကျခံဖို့ အမိန့်ချမှတ်ခဲ့တယ်လို့ သိရှိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top