Healthy Life Ad
Life Style

Work From Home လုပ်ရာတွင် လိုက်နာသင့်တဲ့ စည်းမျဉ်း (၅) ရပ်

——၊ ငွေကြယ်စင်ယံ ၊——-

COVID-19 ဂယက်ကြောင့် အိမ်ကနေ အလုပ်လုပ်ခွင့်ရသူတွေ ရှိကြပါတယ်။ အဲဒီလိုလုပ်တဲ့အချိန်မှာ လိုက်နာသင့်တဲ့ စည်းမျဉ်း (၅) ရပ်ကို ဟားဗတ်တက္ကသိုလ်က အခုလိုပြောပြထားတာပါ။

(၁) သင်ကတခြားသူတွေရဲ့ အလုပ်တွေကို စီမံခန့်ခွဲနေရတယ်ဆိုရင် လုပ်ဆောင်မှုထက် ရလဒ်ကိုပဲ အာရုံစိုက်ပါ

လူတွေကိုလိုက်ပြီး စစ်ဆေးနေတာက ယုံကြည်မှုကုန်ဆုံးခြင်းကို ဖြစ်စေနိုင်ပါတယ်။ အဲဒီအစား ဘယ်အချိန်မှာ ဘယ်အလုပ်ကို ပြီးမြောက်အောင် လုပ်ရမယ်ဆိုတဲ့ ရည်မှန်းချက်ချမှတ်ပြီး အဲဒီရလဒ်ကိုပဲ ဦးစားပေးပါ။

(၂) အလုပ်ရလဒ်က ရေတိုမှာ ထိခိုက်နိုင်တယ်ဆိုတာ လက်ခံပါ

အလုပ်သမားတိုင်းက အခုချက်ချင်း နေရာမှာတင် လုပ်ဆောင်ပေးနိုင်တာကြောင့် အိမ်ကနေ အလုပ်လုပ်တာက ရေရှည်မှာတော့ အလုပ်တွင်စေနိုင်တယ်လို့ လေ့လာမှုတွေက ဆိုထားပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်း အသစ်ဖြစ်လာတဲ့ ပုံမှန်ဘဝမှာ ကျင့်သားရဖို့ အချိန်ပေးရပါမယ်။

(၃) အချင်းချင်း စာနာနားလည်ပါ

လူတိုင်းက ဒီကပ်ရောဂါထဲမှာ အကျပ်အတည်းရောက်နေတာကြောင့် မိသားစု၊ မိတ်ဆွေသူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ ဆက်ဆံရာမှာ လူတွေရဲ့ စိတ်ခံစားမှုတွေက နည်းနည်းတင်းကျပ်နေတတ်ပါတယ်။

(၄) မတူညီတဲ့ အချိန်တွေမှာ အလုပ်လုပ်တာကို နားလည်ပေးပါ

အိမ်မှာလုပ်တဲ့ ဝန်ထမ်းတွေက ရုံးမှာအလုပ်လုပ်သလိုမျိုး တစ်ဦးနဲ့တစ်ဦး တူညီတဲ့အချိန်တွေမှာ အလုပ်လုပ်နိုင်ဖို့ မလွယ်ပါဘူး။ ဝန်ထမ်းတွေက အိမ်မှုကိစ္စ၊ မိသားစုအရေးတွေကြား လုပ်ဆောင်ရတဲ့အတွက် လုပ်ငန်းခွင်မန်နေဂျာ၊ ဦးဆောင်သူတွေက အလုပ်ချိန် အဆင်ပြေပြေလုပ်တာကို အားပေးသင့်ပါတယ်။

(၅) ခဏတဖြုတ် အနားပေးပါ

ရုံးမှာ ကော်ဖီသောက်ချိန် အနားပေးသလို အိမ်မှာလည်း အနားပေးတာမျိုး ခွင့်ပေးပါ။ စကရင်ကြည့်တာများလို့ဖြစ်တဲ့ နုံးချည့်တာကို ဖြေရှင်းနိုင်ဖို့ ခဏတာအနားပေးတာ၊ တစ်ရေးအိပ်စေတာ၊ လမ်းထလျှောက်ခိုင်းတာတို့ လုပ်ခွင့်ပေးပါ။

ကပ်ရောဂါမတိုင်ခင်က အမေရိကန်နဲ့ ဥရောပက ဝန်ထမ်း ၅ ရာခိုင်နှုန်းခန့်ဟာ အိမ်ကနေ ပုံမှန်အလုပ်လုပ်သူတွေပါ။ အခုတော့ တစ်ကမ္ဘာလုံးက လူသန်းနဲ့ချီပြီး အသက်မွေးဝမ်းကျောင်းဆိုင်ရာ ဘဝသစ်မှာ လုပ်ဆောင်လာကြပါတယ်။

Tip!
ဝန်ထမ်းတွေကလည်း မန်နေဂျာချပေးထားတဲ့ အလုပ်စည်းမျဉ်းတွေ၊ ပန်းတိုင်တွေကိုရောက်အောင် လုပ်ဆောင်ပေးဖို့ အရေးကြီးပါတယ်။

Most Popular

Healthy Life Ad
To Top