Healthy Life Ad
Health Tips

အိမ်သန့်ရှင်းရေးလုပ်ရာတွင် အသက်ရှူခြင်းဆိုင်ရာ ပြဿနာများ ကင်းစေရန်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

အိမ်သန့်ရှင်းရေးလုပ်တဲ့အခါမှာ သုံးလေ့ရှိတဲ့ သန့်စင်ရေးပစ္စည်းတွေထဲက ဓာတုပစ္စည်းတွေဟာ အသက်ရှူလမ်းကြောင်းဆိုင်ရာ ဝေဒနာတွေကို ဖြစ်စေနိုင်တယ်လို့ စင်စင်နာတီ တက္ကသိုလ်ရဲ့ လေ့လာမှု အသစ်တစ်ခုကဆိုပါတယ်။ ပန်းနာရင်ကျပ်ရောဂါရှိတဲ့ အမျိုးသမီးတွေဟာ အိမ်သန့်ရှင်းရေးသုံး ပစ္စည်းတွေကြောင့် ချောင်းဆိုးတာနဲ့ အသက်ရှူကျပ်တာ စတဲ့ ဝေဒနာတွေကိုဖြစ်စေနိုင်ပြီး ရောဂါ မရှိသူတွေကိုတောင် နှာချေတာလို ဝေဒနာတွေကို ဖြစ်ပေါ်စေတယ်လို့ လေ့လာမှုကဆိုပါတယ်။ ဒါကြောင့် အိမ်သန့်ရှင်းရေးလုပ်မယ်ဆိုရင် အသက်ရှူလမ်းကြောင်းမှာ ဝေဒနာမရစေဖို့ အောက်ပါနည်းလမ်းတွေကို လိုက်နာသင့်ပါတယ်။

အိမ်သန့်ရှင်းရေးလုပ်တဲ့အခါ ဓာတုပစ္စည်းနည်းပါးတဲ့ သန့်ရှင်းရေးသုံးပစ္စည်းကို အဓိကရွေးချယ်သင့်ပါတယ်။ ကြေးချွတ်ပစ္စည်းတွေကို သုံးမယ့်အစား ရှလကာရည်ကိုသုံးပြီး ကြေးချွတ်ပါ။

ရေစိုဝတ်ဖြင့် ဖုံသုတ်ပါ။ သင်သန့်စင်လိုတဲ့ မျက်နှာပြင်တွေကို ရေစိုစွတ် ဒါမှမဟုတ် ရေဆွတ်ထားတဲ့ ရေမြှုပ်နဲ့ ပွတ်တိုက်ပေးပါ။

ကြေးချွတ်ဆေးရည်ကို ရေထဲကို ရောထည့်ပြီးသုံးရင် ဓာတုပစ္စည်းရဲ့ အန္တရာယ်ကိုလျော့ကျသွားစေပါတယ်။

အထူးသဖြင့် ပန်းနာရင်ကျပ်ရောဂါရှိတယ်ဆိုရင် နှာခေါင်းစည်းအုပ်ပြီး သန့်ရှင်းရေးလုပ်သင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top