Healthy Life Ad
Health Tips

မှတ်ဉာဏ်နှင့်ပတ်သက်ပြီး အလေးထားသင့်သောသင်္ကေတ ၃ ရပ်

စူး ၊ (ဆေးဝါးတက္ကသိုလ်)

လူတိုင်း လူတိုင်းရဲ့ ဉာဏ်ရည်တွေကတော့ မတူကြပါဘူး။ မှတ်ဉာဏ်က သူများတွေလောက် မကောင်းလို့လည်း စိတ်ဓာတ်ကျနေစရာ.. မှိုင်တွေ နေစရာမလိုပါဘူး။ ဒါပေမဲ့ အောက်ပါ သင်္ကေတ သုံးရပ်ပေါ်လာရင်တော့ အယ်လ်ဇိုင်းမားလို့ခေါ်တဲ့ သက်ကြီးအတိတ်မေ့ရောဂါနဲ့ ဆက်စပ်နေတာကြောင့် အလေးထား သင့်နေပါပြီ။

(၁) မေ့တတ်လွန်းလို့ ဒုက္ခရောက်တာက အကြိမ်ကြိမ်ပဲ။

ကားသော့ကို ဘယ်နေရာမှာ ထားမိတယ်ဆို တာကို မေ့သွားတာမျိုးက ဖြစ်လေ့ဖြစ်ထရှိတဲ့ မှတ်ဉာဏ်ပြဿနာဖြစ်ပေမယ့် ကားကို ပါကင်ထိုးထားခဲ့ ပြီး ဘယ်နေရာမှာ ပါကင်ထိုးခဲ့မိသလဲဆိုတာကို ပြန်မမှတ်မိတော့ တာကတော့ ပြဿနာတစ်ရပ်ဖြစ်နေပါပြီ။

(၂) မှတ်ဉာဏ်ပြဿနာကြောင့် ဘယ်လိုအလုပ်လုပ် ရမယ်ဆိုတာကိုတောင် မသိတော့ဘူး။

ပုံမှန်မှတ်ဉာဏ်ဆုံးရှုံးတာနဲ့ တွေးခေါ်မြော်မြင်နိုင်စွမ်း ဆုံးရှုံးတာအကြား ခြားနားချက်ကြောင့် သင့်အနေနဲ့ နေ့စဉ်လုပ်နေကြ ပုံမှန်လုပ်ဆောင်မှု တွေကိုတောင် မလုပ်နိုင်တော့ဘူးဆိုရင်တော့ အလေးထား ကုသသင့်ပါတယ်။ နေ့စဉ် နေ့တိုင်း ထမင်း၊ ဟင်းချက်ပြုတ်ခဲ့တဲ့ အိမ်ရှင်မတွေအနေနဲ့ ဟင်းဘယ်လိုချက်ရမလဲ ဆိုတာကို မသိတော့တာ၊ နေ့စဉ်ကားမောင်းနေတဲ့ အိမ်ထောင်ဦးစီးတွေအဖို့ ကားဘယ်လိုမောင်းရမလဲ ဆိုတာကို ရုတ်တရက် မသိ တော့တာလိုမျိုး ကိစ္စတွေဟာ လျစ်လျူမရှုသင့်တဲ့ အရာပဲ ဖြစ်ပါတယ်။

(၃) သင်ရဲ့မေ့လျော့မှုကြောင့်သင့်မိတ်ဆွေ၊ မောင် နှမတွေက သတိပေးနေရရင်

သင်က မေ့တတ်လွန်းလို့ စကားပြောရင်း ဘာ ပြောနေမှန်းမသိတော့တာမျိုး၊ ဆွေမျိုးသားချင်း တွေရဲ့နာမည်ကို မမှတ်မိတော့တာမျိုး စတဲ့ မမေ့သင့်ဘဲ မေ့လျော့နေတာမျိုးတွေဖြစ်နေလို့ သင့် အပေါင်းအသင်း၊ ဆွေမျိုးသားချင်းတွေကတောင် သတိပေးနေရတယ်ဆိုရင် ဆရာဝန်နဲ့ ဆွေးနွေး သင့်နေပါပြီ။

Most Popular

Healthy Life Ad
To Top