Healthy Life Ad
International

မွေးကင်းစကလေးကိုယ်အလေးချိန်ထက် ပိုများတဲ့ ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်ကို အမျိုးသားတစ်ဦးထံမှ ခွဲထုတ်နိုင်ခဲ့

၊ မိုးမင်းထွန်း ၊

ဒူဘိုင်းမှ အသက် ၅၆ နှစ်အရွယ် အမျိုးသားတစ်ယောက်ရဲ့ ကျောက်ကပ်နှစ်လုံးဟာ အလွန်အမင်းကြီးထွားလာကာ လမ်းလျှောက်တာ၊ စကားပြောတာတို့ကို ကောင်းကောင်းမလုပ်နိုင်တော့တာကြောင့် ဒူဘိုင်းဆေးရုံမှာ ခွဲစိတ်မှုပြုလုပ်ခဲ့ရပါတယ်။ အမျိုးသားမှာ ကျောက်ကပ်ပြည်တည်နာ (polycystic kidney disease)ရောဂါခံစားနေရကြောင်း စစ်ဆေးတွေ့ရှိခဲ့ရပြီး ကျောက်ကပ်နှစ်လုံးကို ဖယ်ရှားပေးခဲ့ရပါတယ်။

ပိုကြီးမားတဲ့ကျောက်ကပ်ဟာ အချင်း ၁၇စင်တီမီတာပတ်လည်နဲ့ အလေးချိန် ၉ ပေါင် ၃အောင်စရှိပြီး ပျမ်းမျှမွေးကင်းစကလေးငယ် ရဲ့အလေးချိန်ထက် ပိုများခဲ့ပါတယ်။ပုံမှန်ကျောက်ကပ်တစ်လုံးဟာ အချင်း ၁၂ စင်တီမီတာပတ်လည်ရှိကာ အလေးချိန် ၅ အောင်စပတ်ဝန်းကျင်သာ ရှိလေ့ရှိပါတယ်။ နောက်ဆုံး ကမ္ဘာ့အကြီးဆုံး ကျောက်ကပ်အရွယ်အစားက ၄ ပေါင် ၆ အောင်စသာရှိတာကြောင့် ကမ္ဘာ့အကြီးဆုံးစံချိန်တင်နိုင်ခဲ့ကာ ဂင်းနက်စ် ကမ္ဘာ့မှတ်တမ်းစာအုပ်မှ အသိအမှတ်ပြုလက်မှတ်ရရှိခဲ့ပါတယ်။

ယခုအခါအဆိုပါအမျိုးသားဟာ ကျောက်ကပ်ဆေးနေရကာ ကျောက်ကပ်အစားထိုးဖို့ စောင့်ဆိုင်းနေရပြီး နောက်လအနည်းငယ်အကြာမှာ ကျောက်ကပ်အစားထိုးနိုင်တော့မှာဖြစ်ကြောင်းလည်း သိရှိရပါတယ်။

(Ref;TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top