Healthy Life Ad
Health Tips

လိပ်ခေါင်းယားယံနေလျှင်

၊ စူး ၊ (ဆေးဝါးတက္ကသိုလ်)

လိပ်ခေါင်းကြောင့် ယားယံတဲ့ဝေဒနာနဲ့ စပ်ဖျဉ်းဖျဉ်းခံရခက်တဲ့ ဝေဒနာခံစားနေရရင် သက်သာရာရစေမယ့် အိမ်တွင်းကုထုံးတွေကို မျှဝေလိုက်ပါတယ်။

(၁) ရှားစောင်းလက်ပပ်

ရှားစောင်းလက်ပပ်မှာ ရောင်ရမ်းမှုလျော့ကျစေတဲ့ အစွမ်းရှိတဲ့အတွက် လိပ်ခေါင်းကြောင့် နာကျင်တာနဲ့ ယားယံတာတို့ကို မြန်မြန်သက်သာစေပါတယ်။ ရှားစောင်းလက်ပပ်အနှစ်ကို လိပ်ခေါင်းပေါ်လိမ်းပေးရင် နာကျင်ရောင်ရမ်းမှု သက်သာစေပါတယ်။

(၂) အာလူး

အာလူးမှာ ရေဓာတ်ခမ်းစေတဲ့ အစွမ်းရှိတဲ့အတွက် လိပ်ခေါင်းကြောင့် ရောင်ရမ်းမှုကို လျော့ကျစေနိုင်ပါတယ်။ အာလူးကို ရေစင်အောင်ဆေးပြီး ပါးပါးလှီးကာ လိပ်ခေါင်းပေါ်ကပ်ပေးပါ။ လိပ်ခေါင်းရောင်ရမ်းမှုသိသိသာသာလျော့ ကျသွားပါလိမ့်မယ်။

(၃) လက်ဖက်ဆီ

လက်ဖက်ဆီက လိပ်ခေါင်းရောင်ရမ်းမှုကို သိသိသာသာလျော့ကျစေတယ်လို့ လေ့လာမှုတွေအရသိရပါတယ်။ လက်ဖက်ဆီနှစ်စက်ခန့်ကို ဝါဂွမ်းစနဲ့ဆွတ်ပြီး လိပ်ခေါင်းပေါ်သုတ်လိမ်းပေးပါ။

(၄) ကြက်သွန်ဖြူ

ကြက်သွန်ဖြူသုံးမြွှာယူပြီး ရေထဲထည့်ကျိုပါ။ အချိန် ၁၀မိနစ်ခန့်ကျိုပြီး အိုးကိုချကာ အေးအောင်ထားပါ။ ပြီးမှ လိပ်ခေါင်းပေါ် တစ်နေ့သုံးကြိမ်လိမ်းပေးပါ။

(၅) ရှလကာရည်

ရှလကာရည်ကို ဝါဂွမ်းစနဲ့ဆွတ်ပြီး လိပ်ခေါင်းပေါ် သုတ်လိမ်းပေးပါ။ ချက်ချင်းသက်သာသွားမှာ ဖြစ်ပါတယ်။

မှတ်ချက်။ ။ ဒီနည်းတွေက လိပ်ခေါင်းနာကျင် ရောင်ရမ်းနေချိန်မှာ ယာယီသက်သာစေဖို့ လုပ်ဆောင်သင့်တဲ့ နည်းတွေဖြစ်ပြီး လိပ်ခေါင်းလုံးဝပျောက်ကင်းဖို့ နီးစပ်ရာ ဆေးရုံ၊ ဆေးခန်းမှာ ပြသသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top