Healthy Life Ad
Q & A

အရက်သောက်တာနဲ့ ကြက်သွန်ဖြူအစိမ်းစားတာက ရာသီတုပ်ကွေးကာကွယ်နိုင်သလား

မေး ။ အရက်သောက်သူ၊ ကြက်သွန်ဖြူအစိမ်းစားသူ၊ ကိုယ်ခံအားကောင်းသူ၊ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်သူတွေက ရာသီတုပ်ကွေးရောဂါကူးစက်ခံရမှု မရှိနိုင်ဆိုတာမှန်ပါသလား။
Cho Win Tun (Fb)

ဒေါက်တာမိုးအောင်ကျော်နိုင်(အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး) မှပြန်လည်ဖြေကြားပေးပါသည် ။
ဖြေ ။ သိပ္ပံနည်းကျလေ့လာမှုတွေအရ အရက်သောက်ထားသူက H1N1 ပိုးရှိသူနဲ့ တစ်အိမ်တည်း အတူနေပြီး ကျန်တဲ့အရက်မသောက်ထားသူတွေ ပိုးကူးပေမယ့် အရက်သောက်ထားသူတစ်ယောက်တည်း ပိုးမကူးပါဘူးဆိုတဲ့ အထောက်အထားကို ဆရာမတွေ့ဖူးပါဘူး။ ဒီတော့ မစမ်းသပ်တာ ကောင်းပါတယ်။

ကြက်သွန်ဖြူအစိမ်းစားတာကတော့ ကိုယ်ခံအားကောင်းစေပါတယ်။ ကိုယ်ခံအားကောင်းသူ၊ ချွေးထွက်အောင် လေ့ကျင့်ခန်းလုပ်တဲ့အတွက် ကိုယ်ခံအားစနစ် ကောင်းမွန်သူတွေကလည်း ခန္ဓာကိုယ်ခုခံအားစနစ် (Immune System)ကောင်းတဲ့ အတွက် မတော်တဆ တုပ်ကွေးပိုး ဝင်ခဲ့ရင်တောင် ပြင်းပြင်းထန်ထန်မခံစားရပါဘူး။ ဒါကြောင့် ကူးစက်ပိုးတွေ ခံနိုင်ရည်ရှိအောင် ကိုယ်ခံအားတက်စေတဲ့ အမူအကျင့်တွေကိုပြုလုပ်ပေးသင့်ပါတယ်။
ကိုယ်ခံအားတက်စေတဲ့ အလေ့အထတွေထဲမှာ အရက်သောက်တာ မပါဝင်ပါဘူး။ အရက်၊ ဆေးလိပ်သောက်တာတွေက ကိုယ်ခံအားကျစေတဲ့ အမူအကျင့်တွေ ဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top