Healthy Life Ad
International

စိတ်ကျေနပ်မှုရရှိရန် လိင်တံထဲ အပ် ၁၅ ချောင်း ထည့်သည့် အမျိုးသား

၊ မိုးမင်းထွန်း ၊

အသက် ၃၅ နှစ်အရွယ်အမျိုးသားတစ်ဦးသည် လိင်တံထဲ အပ်ချောင်း ၁၅ချောင်း ထည့်ခဲ့ပြီးနောက် ဆေးရုံသို့ရောက်လာခဲ့သည်။ ထို့သို့ အပ်များထည့်နေခဲ့သည်မှာ တစ်နှစ်ခန့်ကြာခဲ့ပြီ ဖြစ်ပြီး ပြင်းထန်သော နာကျင်မှုနှင့် ဆီးသွားစဉ် သွေးပါခြင်းတို့ကို ရုတ်တရက်ခံစားခဲ့ရပြီးနောက်တွင် ဆေးပညာအကူအညီရယူရန် ဇွန်လ ၂၀ ရက်နေ့က ဆေးရုံရောက်ရှိလာခဲ့ခြင်းဖြစ်သည်။

ယင်းနေ့မှာပင် ဆရာဝန်များသည် ထိုအမျိုးသား၏ လိင်တံအကျဉ်းဆုံးအပိုင်းမှ အပ်အားလုံးကို နာရီဝက်ကြာ အချိန်ပေးပြီး ဖယ်ရှားခဲ့ရသည်။

အသက် ၃၅နှစ်အရွယ်လူပျိုဖြစ်သည့် ထို အမျိုးသား သူ၏လိင်တံထဲ ထည့်ခဲ့သည့် အပ် ၁၅ ချောင်းမှာ ငါးစင်တီမီတာ(၁ဒသမ၉၆ လက်မ)မှ ၁၀စင်တီ မီတာ(၃. ၉၄လက်မ)အရွယ်အစားအထိ ပါဝင်ကြောင်းသိရသည်။

ဓာတ်မှန်ဖြေအရ အမျိုးသား ဆီးပြွန်၏ အကျဉ်းဆုံးအပိုင်းတွင် အပ်များထိုးစိုက်နေကြောင်း ဆီးလမ်းကြောင်းအထူးကု ဒေါက်တာကာအိုက ပြောသည်။

အပ်များထည့်စဉ်က မည်သည့် နာကျင်မှုကို မှမခံစားရကြောင်း၊ သို့ရာတွင် လိင်တံထဲ အပ် ၁၅ချောင်းဝင်ပြီးချိန်မှသာ နာကျင်ခြင်းနှင့် ဆီးသွားစဉ်သွေးပါခြင်းတို့ကို စတင်ခံစားရကြောင်း လူနာအမျိုးသားက ဆိုသည်။

“အပ်ဖယ်ထုတ်တဲ့ကုထုံးက တစ်နာရီခွဲကြာ မြင့်ခဲ့ပါတယ်။ ချွေးပြန်သလို ပြီးတဲ့အထိ လက်ပါ တုန်တယ်။ မလွယ်ပါဘူး။ သူက ထုံးစံမဟုတ်တဲ့ နည်းလမ်းနဲ့ လိင်ပိုင်းဆိုင်ရာစိတ်လှုပ်ရှားမှုကို ရှာဖွေတာဖြစ်တယ်။ ဒီလို လက်တည့်စမ်းတတ်သူတွေဟာ ဆီးလမ်းကြောင်း ပိတ်ဆို့သွားစေနိုင်တဲ့ အတွက် ဒီလိုနည်းတွေကိုမစမ်းဘဲ အန္တရာယ် ကင်းတဲ့နည်းကိုပဲစူးစမ်းသင့်တယ်”ဟု ဒေါက်တာကာအိုက ဖြည့်စွက်ပြောကြားခဲ့သည်။

(Ref; DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top