Healthy Life Ad
Life Style

Cetirizine (အလာဂျီ)ဆေး

ဒေါက်တာတင့်ဆွေ

၁။ ဆရာရှင့် နှာမွှန်/နှာခေါင်းယားတာနဲ့ ပက်သက်ပြီး သိချင်ပါတယ်။ နှာခေါင်းယားတာက ဘာဖြစ်လို့လဲဆရာ။ နှာခေါင်းယားပြီး နှာစေးချင်သလိုပါ ဖြစ်လာတာပါဆရာ။ အဲ့ဒါရှူတဲ့လေနဲ့ဆိုင်လား ဆရာ။ နောက် Air Con နဲ့ရော ဆိုင်လားဆရာ။ အခု ကလေးကအိပ်ပြီး ပြန်နိုးလာရင် နှာခေါင်းပါပိတ်နေတာပါဆရာ။ တရှူးရှူးနဲ့ ပိတ်နေတာပါဆရာ။ ဒီတိုင်းဆော့နေရင် နှာခေါင်းယားလို့ပွတ်ပါတယ်။ အိပ်ပြီးပြန်နိုးရင်တော့ နှာခေါင်းပိတ်ပါတယ်။ အဲ့ဒါ ဘာဖြစ်လို့လဲ။ Air Con နဲ့ရောဆိုင်လား။ Air Con နဲ့ရော အိပ်လို့ရလားဖြေပေးပါဦးနော်။ အဲ့ဒါ စီထရေဇင်းအရည်လေး တိုက်ထားလို့ရလားဆရာ။ ကလေးက ၄နှစ်ပါ။ တိုက်လို့ရရင် တစ်နေ့ဘယ်လောက် ဘယ်နှစ်ကြိမ်တိုက်ရမလဲဆရာ။

၂။ ဆရာရှင့် Allergy သို့မဟုတ် မတည့်အတူနေဆိုတဲ့ ဆရာပြန်ကြားပေးချက်ကို ကျေးဇူးအထူးတင်ပါတယ်ရှင့်။ ကျွန်မအခုသိချင်တာလေး တစ်ခုရှိနေလို့ပါ။ အဲဒီ Cetirizine ဆေးကို အမြဲတမ်း (နေ့စဉ်)သောက်သုံးနေရင် ဘေးထွက်ဆိုးကျိုး ဘာတွေဖြစ်လာနိုင်သလဲဆိုတာ သိချင်ပါတယ်ဆရာ။ အခုဆို သတိခဏခဏမေ့တတ်နေတာ အဲဒါနဲ့ဆိုင်ပါသလားဆရာ။ နောက်ပြီး အခုလိုအမြဲယားယံနေတာကို လုံးဝပျောက်သွားအောင် ကုသလို့ရပါသလားဆရာ။ ကုသလို့ရနိုင်မယ့်နည်းလမ်းများရှိရင် ဆရာ့အနေနဲ့ လမ်းညွှန်ပေးစေချင်ပါတယ်။ သူကတော့ ဆရာ့ Post ကိုပေးဖတ်တော့ သန်ချကြည့်မယ်လို့ ပြောပါတယ်ဆရာ။ ကျေးဇူးပြုပြီး ဆရာပြန်ကြားပေးစေချင်ပါတယ်ရှင့်။

Cetirizine (HC1) ဆေးကို (အလာဂျီ) အတွက်သုံးတယ်။ အအေးမိပျောက်ဆေး၊ ချောင်းဆိုးပျောက်ဆေး စတာတွေထဲမှာပါတယ်။ မသောက်ဖူးသူမရှိသလောက် အသုံးများလှတဲ့ဆေးဖြစ်တယ်။ (အင်တီဟစ်တမင်း) ဆေးအုပ်စု၊ ဒုတိယမျိုးဆက်ဖြစ်တယ်။ အရင်ပေါ် ပဌမမျိုးဆက် ဥပမာ Burme-ton လို မအိပ်ချင်ဘူးဆိုပေမဲ့ နည်းနည်းတော့ အိပ်ချင်တာပါပဲ။ အင်းဆက်ကောင်တွေ ကိုက်တာအတွက်လည်းသုံးတယ်။ ဘယ်နေရာက ဘာလို့ယားယား ဒီဆေးပဲသုံးတာများတယ်။

ဘေးထွက်ဆိုးကျိုးတွေက မဆိုးပါ။ သာမန်လောက်သာဖြစ်တယ်။

လူကြီး (၁၂ နှစ်အထက်) = အိပ်ချင်၊ အားယုတ်၊ အာခေါင်ခြောက်၊ အိမ်ရ၊

ကလေး (၂ နှစ်မှ ၁၁ နှစ်) = ခေါင်းကိုက်၊ အာခေါင်ရောင်၊ ဗိုက်နာ၊

ကလေး (၆ လမှ ၂ နှစ်) = ငို၊ စိတ်ဆိုး၊ အိပ်မရ၊ အားနည်း၊ မအီမသာဖြစ်။

၆ နှစ်မှ ၁၁ နှစ်အရွယ် ကလေး ၉၀ဝ ကျော်ကို Cetirizine ၂ ပါတ်မှ ၆ ပတ်ပေးပြီး သုတေသနလုပ်ခြင်းရလဒ်များ

– အများစုတွင် သာမန်မှ အသင့်အတင့် ဘေးထွက်ဆိုးကျိုးများတွေ့ရ။

– လက္ခဏာ = ၅ မီလီဂရမ်-၁၀ မီလီဂရမ်

– ခေါင်းကိုက် = ၁၁-၁၄%

– လည်ချောင်းနာ = ၆.၂-၂.၈%

– ဗိုက်နာ = ၄.၄-၅.၆%

– ချောင်းဆိုး = ၄.၄-၂.၈%

– ဝမ်းပျက် = ၁.၉-၄.၂%

– နှာခေါင်းသွေးယို = ၃.၇-၁.၉%

– ပျို့ချင် = ၁.၉-၂.၈%

– အန် = ၂.၅-၂.၃%

– ရင်ကျပ် = ၃.၁-၁.၉%

Antihistamines (အင်တီဟစ်တမင်း) ခေါ် (အလာဂျီ) ဖြစ်ခြင်းအတွက် ဆေးများ = Cetirizine, Chlorpheniramine, Cinnarizine, Clemastine, Cyclizine, Desloratadine, Dexchlor-pheniramine, Dimenhydrinate (most commonly used as an antiemetic), Dimetindene, Diphenhydramine (Benadry1), Doxylamine, Ebastine, Embramine, Fexofenadine, Levocetirizine, Loratadine, Meclozine Hydrochloride, Olopatadine, Pheniramine, Promethazine, Quetiapine

ဘယ်လောက်တိုက်ရမလဲ

၆ လမှ ၂ နှစ် = ၂.၅ mg တနေ့ ၁ ကြိမ်။ ၁၂ လအထက်ကို လိုအပ်ရင် တနေ့ ၂ ကြိမ်။

၂ နှစ်မှာ ၅ နှစ် = ၂.၅ mg တနေ့ ၁ ကြိမ်။ ၁၂ လအထက်ကို လိုအပ်ရင် ၅ mg/day အထိတိုးနိုင်။

= 5 to 10 mg တနေ့ ၁ ကြိမ်။

ကိုယ်ဝန်ဆောင်နေရင် (အင်တီဟစ်တမင်း) ဆေးသောက်တာ သတိထားကြဖို့ကောင်းတယ်။ အထူးသဖြင့် ပဌမ ၃ လအတွင်း။ အအေးမိတာ၊ တော်တော်တန်တန် နာတာ-ကိုက်တာက ဆေးလည်းမလိုပါ။ ဆေးသောက်ရပြီဆိုရင်လည်း ဆေးထိရောက်မှုအတွက် အနည်းဆုံးလိုအပ်ချက်နဲ့ အတိုဆုံးရက်သာ သုံးသင့်တယ်။ အစိုးရိမ်ကြီးစရာတော့ မဟုတ်ပါ။ အကျိုးနဲ့အပြစ် ချင့်ချိန်ရင် အကျိုးကပိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top