Healthy Life Ad
Q & A

ရာသီလာခြင်း အရိုးစွဲအယူအဆများ (Myths about menstrual cycle)

ဒေါက်တာတင့်ဆွေ

၁။ ကျွန်မ ရန်ကုန်မှာနေပါတယ်။ ဓမ္မတာ ပုံမှန်တော့ လာပါတယ်။ ဒါပေမဲ့ နည်းနေလို့ပါ။ နှစ်ရက်လောက်နဲ့ နည်းနေလို့ပါ။ အလွန်ဆုံး သုံးရက်ပဲလာပါတယ်ရှင့်။ ဒါပုံမှန်ပဲလားဆိုတာ သိချင်လို့ပါရှင့်။ ရာသီ နည်းရင် ဘာများ ဖြစ်တတ်ပါသလဲရှင့်။ နောက်ပြီး ဓမ္မတာအတွင်း ခေါင်းလျှော်လို့ကောရပါသလား သိပါရစေရှင့်။

၂။ ဆရာရှင့် သမီးက အသက် ၁၇ နှစ်ပါ။ menstruation ဖြစ်နေတုန်း ခေါင်းလျှော်ရင် ဘာဖြစ်နိုင်လဲ ဆိုတာကို အငြင်းပွားနေကြလို့ပါ။ အကုန်လုံးက ဝါးတားတားနဲ့ပါ။ ဘယ်သူမှသေချာမသိပါ။ သမီးသူငယ်ချင်းတွေလည်း သေချာသိသွားအောင် ရှင်းပြပေးပါရှင့်။

မိန်းကလေးတိုင်း အရွယ်ရောက်ကတည်းကနေ သွေးဆုံးတဲ့အချိန်အတွင်းမှာ ရာသီလာတာလစဉ်ဖြစ်ရတယ်။ လတိုင်း(အမှန်ကနေ့တိုင်း) ဟော်မုန်းတွေက ပြောင်းလဲလာနေတယ်။ အတိအကျပြောရရင် ဒီဟော်မုန်းတွေဟာ ကိုယ်ဝန်ရစေဖို့ ပြင်ဆင်မှုရဲ့အစိတ်အပိုင်းတစ်ခုဖြစ်တယ်။ လအစကနေ တစ်ရက်ချင်း သားအိမ်အတွင်းဆုံးအလွှာက ပါးရာနေထူလာတယ်။ လလည်ရက်လောက်မှာ မျိုးဥအိမ်ကနေ မျိုးဥထွက်လာမယ်။ မျိုးဥဟာ ကျားသုက်ပိုးနဲ့ မတွေ့ရရင် ပျက်စီးသွားမယ်။ လကုန်ရက်မှာ ထူလာခဲ့တဲ့ သားအိမ်အတွင်း ဆုံးလွှာက
ပျက်စီးပြီး သွေးအနေနဲ့ ဆင်းလာတာကို ရာသီလာတယ်လို့ ခေါ်တာဖြစ်တယ်။ အဲတာထဲမှာ သွေးအပြင်၊ အချွဲနဲ့ အသားစလေးတွေပါ ပါနေတယ်။

ရာသီလာစဉ်သုံးတဲ့ပစ္စည်းတွေ သန့်ရှင်းပါစေ။ ၃-၄ နာရီမှာတစ်ခါ အသစ်လဲပေးပါ။ လက်ကို ခါတိုင်းထက် ပိုဆေးပါ။ နားနိုင်သမျှ နားနေပါ။ ကျန်းမာရေးနဲ့ ညီညွတ်တဲ့ အစားအသောက်ကို လုံလောက်မျှတအောင် စားသောက်ပါ။ ခံစားနေရတာတွေရှိရင် ဆရာဝန်ညွှန်တဲ့ ဆေးသောက်ပါ။ အကြံပြုချက်တွေကို လိုက်နာပါ . . .

အပျိုဖြစ်တဲ့ အသက်ဟာ ၉ နှစ်ကနေ ၁၆ နှစ် အတွင်းမှာဖြစ်တယ်။ သွေးဆုံးချိန်ဟာ ၄၅ နှစ်ကနေ ၅၀ မှာ ဖြစ်တယ်။
ရာသီလာရက်ဟာ ၂ ရက်ကနေ ၇ ရက်အထိ ကြာနိုင်တယ်။ နည်းနည်း၊ အသင့်အတင့်နဲ့များများ ဆင်းနိုင်တယ်။ တစ်လမှာ စုစုပေါင်း သွေးထုထည် ဇွန်းလေး ၁ ဇွန်းကနေ ၄ ဇွန်း (၂၀-၆၀ မီလီလီတာ) ရှိတယ်။ ရာသီလာတော့မယ်ဆိုရင် ခံစားရမှာတွေရှိတယ်။ ဘယ်ဟာဖြစ်ဖြစ် တစ်ယောက်နဲ့တစ်ယောက် မတူပါ။ တစ်ယောက်တည်းမှာလည်း တစ်လနဲ့တစ်လ မတူတတ်ပါ။ စိုးရိမ်စရာ မဟုတ်ပါ။

ရာသီနဲ့ဆက်ပြီး ခံစားရတာတွေကို PMS လို့ ခေါ်တယ်။ ဆီးစပ်၊ ဝမ်းဗိုက်အောက်ပိုင်းနဲ့ ခါးနာ တယ်။ အသင့်အတင့်ကနေ ဆိုးဆိုးဝါးဝါးနာနိုင်တယ်။ စိတ်လှုပ်ရှားမှုနဲ့ စိတ်ပြောင်းလဲမှု ရှိတတ်တယ်။ ခေါင်းကိုက်၊ ခေါင်းမူး၊ ရင်ပြည့်တာနဲ့ အန်ချင်တာ တွေဖြစ်နိုင်တယ်။ ပင်ပန်းအားနည်းတာ၊ ရင်သား တင်းတာ၊ နာတာလည်း ရှိနိုင်တယ်။ အိပ်ရေးပျက် တတ်တယ်။ စိတ်မူပြောင်းတာလည်း ရှိတတ်တယ်။ ဥပမာ ဝမ်းနည်းတာ၊ စိုးရိမ်တာ။

ရာသီ ဘာလို့မမှန်ဖြစ်ရသလဲ
အရင်ဆုံး (အိမ်ထောင် ရှိရှိ-မရှိရှိ) ကိုယ်ဝန် ကိုစဉ်းစာရမယ်။ ကလေးနို့တိုက်တာလည်းပါတယ်။
မျိုးဥထွက်တာ မူမမှန်ရင်လည်း ဖြစ်တယ်။ ဆီး ချိုကိုမထိန်းနိုင်ချိန်မှာဖြစ်မယ်။ (ကွတ်ရှင်းဆင် ဒရုမ်း)ရောဂါ၊ လည်ပင်းကြီးရောဂါ ရှိရင်လည်း မမှန်ဖြစ်မယ်။ သတိထားဖို့တစ်ခုက မျိုးဥအိမ်ထဲမှာ အကျိတ်လေးတွေရှိတာ(PCOS)၊ အစာမစားချင် တာနဲ့ မစားဘဲနေတာ (ဥပမာ မော်ဒယ်တွေ)၊ ကိုယ်
အလေးချိန်များလွန်းတာ၊ ကိုယ်လက်လေ့ကျင့်ခန်း များလွန်းတာ (ဥပမာ အားကစားသမားတွေ)၊ မျိုး ပွားလမ်းကြောင်း ခွဲစိတ်ထားတာ၊ စိတ်ဖိအား များတာတွေကနေလည်း ရာသီမလာဘဲ၊ မမှန်ဘဲဖြစ် တတ်တယ်။

ရာသီလာနေချိန်မှာ ဘာတွေသတိထားသင့်သလဲ . . .
ရာသီလာစဉ်သုံးတဲ့ပစ္စည်းတွေ သန့်ရှင်းပါစေ။ ၃-၄ နာရီမှာတစ်ခါ အသစ်လဲပေးပါ။ လက်ကို ခါတိုင်းထက်ပိုဆေးပါ။ နားနိုင်သမျှနားနေပါ။ ကျန်းမာ ရေးနဲ့ညီညွတ်တဲ့ အစားအသောက်ကို လုံလောက် မျှတအောင်စားသောက်ပါ။ ခံစားနေရတာတွေရှိရင် ဆရာဝန်ညွှန်တဲ့ဆေးသောက်ပါ။ အကြံပြုချက်တွေကို လိုက်နာပါ။ ဗိုက်နာတာသိပ်ဆိုးရင်၊ ကိုယ်ပူရင်၊ ဝမ်းပျက်ရင်၊ အန်ရင်၊ ခေါင်းထဲမျာပေါ့နေပြီး စိတ် ရှုပ်တွေးရင်၊ အရေပြားမှာ အနီကွက်တွေထွက်လာ ရင် ဆရာဝန်ပြပါ။ မှတ်ချက် – ဒီဆေးပညာစာထဲမှာ ခေါင်းမလျှော်ရလို့ မပါပါ။ အချဉ်းသီးမစားရလို့မပါပါ။

မှားတဲ့အယူအဆ နမူနာတွေ = ရေမကူးရ။ ခင်ပွန်းနဲ့အတူမနေရ။ ခေါင်းမလျှော်ရ။ ရာသီစလာတဲ့ မိန်းကလေး စုပ်ယူတဲ့ပစ္စည်းမသုံးရ။ အားကစား မလုပ်ရ။ ရာသီလာနေစဉ် ဆက်ဆံရင် ကိုယ်ဝန်သေ ချာပေါက်မရဘူး ဆိုတာလည်း ရာနှုန်းပြည့်မမှန်ပါ။ မျိုးဥထွက်တာ မတူကြပါ။ ကလေးမွေးဖူးမှသာ ရာ သီအဆင်းများတယ်။ အအေးမိတတ်လို့ ရေမချိုးနဲ့။

တချို့ဟာတွေကို မမှန်ပါဘူးလို့ အသားလွတ် ငြင်းရတာခက်လို့ နည်းနည်းပါးပါးမှန်တယ်ပဲ ထားပါဦး၊ ကောင်းတဲ့အကြံဉာဏ်ကိုတော့ လက်မလွတ်ပါ နဲ့လို့ဆိုပါတယ်။

အစားအသောက် ကောင်းကောင်းစားတာ၊ ကိုယ်လက်လှုပ်ရှားမှု လုပ်တာ၊ စိတ်ကိုအပြုသဘော ဆောင်တာတွေက မလွဲမသွေလိုပါတယ်။ နိုင်ငံတိုင်း၊ ယဉ်ကျေးမှုတိုင်းမှာရှိတယ်။ မရိုးနိုင်အောင်ဆန်းပြား တာတွေလည်း ကြားရတယ်။ စိတ်ကူးယဉ်ပုံပြင်တွေ ထက် ထူးခြားတာတွေလဲပါတယ်။ အရိုးစွဲ အယူ အဆများစာအုပ်ကအဲလိုအယူမှားတွေကို အဓိပ္ပာယ် မရှိတာတွေလို့ ဆိုလိုက်ပါတယ်။ မိခင်တွေကနေ သမီးတွေကိုမှန်တာတွေကိုသာ သင်ပေးပါလို့ အကြံ ပြုလိုက်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top