Healthy Life Ad
International

သွားကိုက်တာလို့ထင်ပေမယ့် မေးရိုးကင်ဆာဖြစ်နေကြောင်း သိရှိခဲ့ရတဲ့ အမျိုးသမီး အသက်ရှင်ဖို့အချိန် သိပ်မကျန်တော့ဟုဆို

၊ ကိုမိုုး ၊

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှ အသက် ၂၈ နှစ်အရွယ် ဂျန်နီယူးဟာ ၂၀၁၅ နိုဝင်ဘာလက နာကျင်မှုတစ်ခု စတင်ခံစားခဲ့ရပါတယ်။ သာမန်သွားကိုက်တာလို့သာ ထင်ခဲ့ရာက နောက်ပိုင်းမှာ မေးရိုးကင်ဆာဖြစ်နေကြောင်း သိရှိခဲ့ပါတယ်။ ၂၀၁၆ မတ်လမှာ ကင်ဆာဆေးသွင်းကုသမှု စတင်ခံယူခဲ့ပေမယ့် ညာဖက်ပါးတစ်လျှောက် ကင်ဆာအကျိတ်ဟာ ကြီးမြဲကြီးလာခဲ့ပါတယ်။ ဒီနှစ်အစောပိုင်းမှာ ကင်ဆာအကျိတ်ဟာ ရပ်တန့်သွားသလိုရှိခဲ့ပေမယ့် လွန်ခဲ့တဲ့လကစပြီး ပိုဆိုးလာခဲ့ကာ မျက်နှာတစ်လျှောက်ရောင်ရမ်းလာကာ နေ့စဉ်နှာခေါင်းသွေးထွက်နေပြီး သွားတွေလည်းကျွတ်ထွက်လာနေပါတယ်။ ဆရာဝန်တွေက လက်လျှော့လိုက်ပြီဖြစ်ပြီး အသက်ရှင်ဖို့ အချိန်နည်းနည်းသာ ကျန်တော့ကြောင်းအသိပေးခံခဲ့ရပါတယ်။

အိမ်မှာနေထိုင်နေပြီး မိဘတွေကအချိန်ပြည့် ပြုစုစောင့်ရှောက်ပေးနေကြောင်း သိရပါတယ်။ ခန္ဓာကိုယ်တစ်ခုလုံးနာကျင်နေပြီး ဖခင်ဖြစ်သူက ဒူးတောင့်တင်းတာလျော့သွားအောင် နှိပ်ပေးရကြောင်း သိရပါတယ်။ မကြာခဏတက်တတ်ကာ နာကျင်မှုတွေနဲ့နေထိုင်ရတာက လူသေတစ်ယောက်နဲ့ မထူးကြောင်း ယူးကပြောပြပါတယ်။ ကူညီစောင့်ရှောက်ပေးဖို့ ပရဟိတအဖွဲ့တွေကို ယူးက မေတ္တာရပ်ခံထားပြီး တစ်ချိန်လုံးပင်ပန်းနေတဲ့ မိဘတွေကို အနားရစေချင်ကြောင်းနဲ့ သူ့ကြောင့် ဝန်ထုပ်ဝန်ပိုးဖြစ်နေတာကို စိတ်မကောင်းဖြစ်ရကြောင်း ပြောကြားသွားခဲ့ပါတယ်။

(Ref;DM)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top