Healthy Life Ad
Health Tips

သစ်ကြံပိုးခေါက်၏ အံ့အားသင့်စရာကောင်းသော ကျန်းမာရေး အကျိုးကျေးဇူး ၁၀

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

ဟင်းခတ်အမွှေးအကြိုင်အဖြစ် သုံးလေ့ရှိတဲ့ သစ်ကြံပိုးခေါက်မှုန့်ဟာ ဟင်းလျာတွေကို အရသာတိုးစေရုံသာမက ကျန်းမာရေးအတွက်လည်း အောက်ပါအကျိုးကျေးဇူးတွေကို ပေးစွမ်းနိုင်ပါတယ်။

(၁) သွေးတွင်း သကြားဓာတ် မျှတစေတယ်

လေ့လာမှုများစွာအရ သစ်ကြံပိုးခေါက်အမှုန့်ဟာ သွေးတွင်းသကြားဓာတ်ကို ဟန်ချက်ညီစေတယ်လို့ သိရတာကြောင့် ဆီးချိုသွေးချိုရောဂါရှိသူတွေသုံးနိုင်တဲ့ ဟင်းခတ်အမွှေးအကြိုင်ပဲဖြစ်ပါတယ်။ စွမ်းအင်အဆင့်ကို တည်ငြိမ်စေပြီး စိတ်ခံစားမှုကောင်းစေတဲ့ အာနိသင်လည်းရှိပါတယ်။

(၂) မကောင်းတဲ့ ကိုလက်စထရောကို လျော့ကျစေပါတယ်

သစ်ကြံပိုးခေါက်ဟာ မကောင်းတဲ့ ကိုလက်စထရော (LDL)ကို လျော့ကျစေပါတယ်။ မကောင်းတဲ့ ကိုလက်စထရောလျော့ကျတာကြောင့် နှလုံးသွေးကြောရောဂါဖြစ်နိုင်ခြေကို လျော့ကျစေပါတယ်။

(၃) အစာအိမ်ကို ကျန်းမာစေပါတယ်

သစ်ကြံပိုးခေါက်မှာပိုးကင်းစင်စေတဲ့ သဘာဝဒြပ်ပေါင်း ပါဝင်ပါတယ်။ လေ့လာမှုတွေအရ သစ်ကြံပိုးခေါက်ဟာ အစာအိမ်အနာဖြစ်စေတဲ့ H.pylori ပိုးကို တွန်းလှန်ပေးနိုင်စွမ်းရှိတယ်လို့ သိရပါတယ်။

(၄) အဆစ်ရောင်နာကို သက်သာစေပါတယ်

သစ်ကြံပိုးခေါက်က အဆစ်ရောင်နာနဲ့ဆက်စပ်ပြီး ဖြစ်ပေါ်တဲ့နာကျင်မှုကို လျော့ကျစေပါတယ်။ Kangnam Korean ဆေးရုံရဲ့ လေ့လာမှုတွေအရ သစ်ကြံပိုးခေါက်ဟာ အဆစ်ရောင်နာနဲ့ ဆက်စပ်နေတဲ့ Cyto-kines ကို လျော့ကျစေတယ်လို့ သိရပါတယ်။

(၅) ကင်ဆာကို ဟန့်တားပေးပါတယ်

တက်ဆက်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သစ်ကြံပိုးခေါက်အမှုန့်ဟာ ကင်ဆာဆဲလ်တွေရဲ့ ကြီးထွားပြန့်ပွားနှုန်းကို လျော့ကျစေတာကြောင့် ကင်ဆာကိုကာကွယ်ပေးနိုင်သလို ကင်ဆာဝေဒနာရှင်တွေကိုလည်း ရောဂါသက်သာစေတယ်လို့ သိရပါတယ်။

(၆) အာဟာရတန်ဖိုးရှိပါတယ်

သစ်ကြံပိုးခေါက်မှာ အမျှင်ဓာတ်၊ ကယ်လ်စီယမ်၊ သံဓာတ်နဲ့ မဂ္ဂနိစ်တို့ ပါဝင်ပါတယ်။

(၇) အမျိုးသမီးကျန်းမာရေး ကောင်းမွန်စေပါတယ်

ရာသီလာစဉ် နာကျင်ကိုက်ခဲမှုဝေဒနာကို သက်သာစေတဲ့ အစွမ်းရှိပါတယ်။

(၈) ဟော်မုန်းတွေကို ဟန်ချက်ညီစေပါတယ်

သစ်ကြံပိုးခေါက်မှာပါတဲ့ cinnamaldehyde ဟာ အမျိုးသမီးတွေမှာ ပရိုဂျက်စတီရုန်းကိုတိုးစေပြီး တက်စတိုစတီရုန်းထုတ်လုပ်မှု လျော့ကျစေတာကြောင့် ဟော်မုန်းတွေကို ဟန်ချက်ညီစေကာမျိုး အောင်နိုင်စွမ်းနည်းတာကို လျော့ကျစေပါတယ်။

(၉) နာတာရှည်ရောဂါဝေဒနာတွေကို သက်သာစေပါတယ်

သစ်ကြံပိုးခေါက်ဟာ အယ်လ်ဇိုင်းမားရောဂါ၊ ပါကင်ဆန်ရောဂါ၊ ဦးနှောက်အကျိတ်ဖြစ်တာ၊ ဦးနှောက်အမြှေးပါး ရောင်တာစတဲ့ နာ့ဗ်ကြောထိခိုက်ပျက်စီးမှုကြောင့်ဖြစ်တဲ့ ရောဂါတွေကို သက်သာစေပါတယ်။ တက်ဆက်တက္ကသိုလ်ရဲ့ လေ့လာမှုအရ သစ်ကြံပိုးခေါက်ဟာ အာရုံကြောထိခိုက်မှုဝေဒနာနဲ့ ဆက်စပ်နေတဲ့ နာတာရှည်ရောင်ရမ်းမှုကို လျော့ကျစေတယ်လို့ သိရပါတယ်။ သစ်ကြံပိုးခေါက်ဟာ ကျန်းမာရေးအတွက် ကောင်းကျိုးရှိရုံသာမက ချိုမြတာကြောင့် ဟင်းလျာတွေကို အရသာတိုးစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top