Healthy Life Ad
Q & A

ဖျားရင် မက်ကလောင်ခြစ်လို့ရလား . . .

မေး။ ။ ကျွန်မ သူငယ်ချင်းတချို့က ဖျားရင် မက်ကလောင်ခြစ်လေ့ရှိပါတယ်။ ကျွန်မကိုလည်း ဖျားရင် မက်ကလောင်ခြစ်ဖို့ ပြောပါတယ်။ အဲဒါက အဖျားပျောက်စေပါသလား။
မီးမီး၊ သာကေတ။

ပါမောက္ခဦးကိုကို(ဆီးချိုနှင့်အထွေထွေရောဂါအထူးကု ဆရာဝန်ကြီး)ဖြေကြားသည်။

ဖြေ။ ။ ဖျားရင် မက်ကလောင် ခြစ်တယ်ဆိုတာကလည်း သိပ္ပံနည်းကျ ထိရောက်တယ်ဆိုတဲ့ လေ့လာမှု မရှိပါဘူး။ မသန့်ရှင်းတဲ့ အရာတွေနဲ့ ခြစ်ရင်တော့ အန္တရာယ်ဖြစ်နိုင်ပါတယ်။ အဲဒီလို ခြစ်လိုက်ရင် သက် သာတယ်လို့ ထင်နေကြတယ်။ တကယ့်လက်တွေ့ လေ့လာမှုမှာတော့ ထိရောက်မှုရှိတာ သိပ်မတွေ့ရပါဘူး။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top