Healthy Life Ad
Life Style

သားအိမ်ဝ ကင်ဆာနှင့် အပျို (Cervical Cancer & Virgins)

ဒေါက်တာတင့်ဆွေ

(ကန်တော့ပါ)

၁။ မင်္ဂလာပါဆရာ။ သားအိမ်ခေါင်းကင်ဆာက အိမ်ထောင်မရှိတဲ့အပျိုတွေရော ဖြစ်နိုင်ပါသလားဆရာ။ ရောဂါလက္ခဏာရော ဘယ်လိုပြပါသလဲရှင့်။ ကျေးဇူးပြုပြီး ဖြေကြားပေးပါဆရာရှင့်။

၂။ အပျိုအစစ်မှာ သာအိမ်ဝကင်ဆာဖြစ်နိုင်လားဆရာ။

၃။ ကြားဖူးတာက အပျိုတွေမှာ မဖြစ်ဘူး ဆိုတာမှန်ပါသလားဆရာ။

၄။ အိမ်ထောင်လည်းမရှိဘူး၊ လိင်ဆက်ဆံဖော်လည်းမရှိဘူး၊ မာစတာဘေးရှင်းလည်း မရှိဘူးဆိုရင် (၁) သားအိမ်ခေါင်းကင်ဆာ ဖြစ်နိုင်ဖို့ မရှိသလောက်ဟုတ်ပါသလားရှင်။ (၂) သားအိမ် ကင်ဆာရော အကြုံးဝင်ပါသလား။

အပျိုအစစ်မှာ သားအိမ်ဝ(ခေါင်း)ကင်ဆာ မဖြစ်နိုင်လောက်ပါ။ ဆရာဝန်ဆိုတာ ဘယ်အရာကိုမှ ၁၀ဝရာခိုင်နှုန်း အာမခံချက်မပေးပါ။ ၁၉၅၀ ခုနှစ်တုန်းက လေ့လာမှုတစ်ခုလုပ်ခဲ့ပါတယ်။ အသက် ၂၀အရွယ်မှာ အိမ်ထောင်ပြုတဲ့မိန်း ကလေးတွေ သူတို့ထက် အသက်ကြီးမှ အိမ်ထောင်ပြုသူတွေထက် သားအိမ်ဝကင်ဆာဖြစ် နိုင်ခြေ (၂)ဆရှိတာတွေ့ရတယ်။ ၁၉၅၂မှာ ခရစ်ယာန်သီလရှင်ပေါင်း ၁၃၀ဝ၀ ယောက်ကို လေ့လာခဲ့တယ်။ သားအိမ်ဝကင်ဆာဖြစ်တာ တစ်ယောက်မှ မတွေ့ရပါ။

သားအိမ်ဝကင်ဆာဖြစ်နိုင်ခြေ တခြားအချက် တွေလည်းရှိပါသေးတယ်။ ဆေးလိပ်သောက်တာ၊ အစာအာဟာရညံ့တာ၊ ခုခံအားကျဆင်းတာတွေ ဖြစ်တယ်။ သားအိမ်ဝကင်ဆာနဲ့ဆက်စပ်နေတာ HPV(human papillomavirus) ခေါ် လိင်လမ်းကြွက်နို့ဗိုင်းရပ်စ်ဖြစ်တယ်။ ပိုးစမ်းလို့တွေ့ တိုင်းတော့ ကင်ဆာမဖြစ်ပါ။ အမျိုးအစားခွဲတချို့ ကနေသာ သားအိမ်ဝကင်ဆာဖြစ်စေနိုင်တယ်။
သားအိမ်ဝကင်ဆာအများစုက လိင်ကနေ တစ်ဆင့်ကူးစက်ရာကနေဖြစ်တယ်။
သားအိမ်ဝကင်ဆာမှာ အမျိုးအစားခွဲ ၂ မျိုး ရှိသေးတယ်။ Squamous cell carcinomas နဲ့ Adenocarcinomasြဖစ်တယ်။ Squamous cell carcinomas အမျိုးအစားက ဗဂျိုင်းနားထဲ မှာရှိတဲ့ Exocervix သားအိမ်ဝအပိုင်းမှာဖြစ်တယ်။ သားအိမ်ဝကင်ဆာရဲ့ ၈၀-၉၀ရာခိုင်နှုန်းက အဲတာဖြစ်တယ်။

လိင်ကနေတဆင့်ကူးစက်တဲ့ HPV ကြွက် နို့ဗိုင်းရပ်စ်ကနေ ဖြစ်စေတယ်လို့ ယူဆရတယ်။

Adenocarcinomas အမျိုးအစားက En-docervix ခေါ် သားအိမ်အတွင်းထဲမှာရှိတဲ့နေရာမှာဖြစ်တယ်။

Neuroendocrine tumor အကာသမဆိုတဲ့ ရှားတဲ့ သားအိမ်ဝကင်ဆာတစ်မျိုးလည်း ရှိသေးတယ်။ HIV နဲ့မဆိုင်လောက်လို့ ထင်ရတယ်။
သားအိမ်ဝကင်ဆာဟာ အပျိုရွယ်(စစ်+ မစစ်)တစ်သန်းမှာ ၁-၂ ယောက်သာဖြစ်တယ်။ အဲဒီအချက်တွေကြောင့် မိန်းကလေးတွေ လိင်စိတ်မဖြစ်ပေါ်မီ (၉-၁၀ နှစ်သမီး) ကတည်းက HPV Vaccine ကာကွယ်ဆေးထိုးစေတာဖြစ်တယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top