Healthy Life Ad
Q & A

ဘယ်အရွယ်မှာ အပျိုဖော်ဝင်တတ်ပါသလဲ …

—–၊ ဒေါက်တာစိုးလွင် (သားဖွားမီးယပ်အထူးကု ဆရာဝန်ကြီး) ၊—–

Q. ကျွန်မသမီးက အခု အသက် ၁၅ နှစ်ရှိပါပြီ။ ရာသီမလာသေးလို့ပါ။ မိန်းကလေးတွေက ဘယ်အရွယ်မှာ အပျိုဖော်ဝင်တတ်ပါသလဲ ဆရာ။

A. ကမ္ဘာပေါ်မှာရှိတဲ့ မိန်းကလေးတွေ အပျိုစဖြစ်တဲ့အရွယ်ဟာ ပျမ်းမျှအားဖြင့် အသက် ၁၃ နှစ်လောက်လို့ ပြောကြပါတယ်။ အသက် ၁၁ နှစ်နဲ့ ၁၅ နှစ်ကြားထဲမှာဆိုရင် ပုံမှန်ပါပဲ။ အပျိုဖော်ဝင်စောတာက မိဘမျိုးရိုးနဲ့ ဆိုင်သလို အစားအသောက်နဲ့လည်း ဆိုင်တတ်ပါတယ်။ ကောင်းကောင်းစားပြီး ဝ၀ဖြိုးဖြိုးရှိတဲ့ မိန်းကလေးတွေက စောစောရာသီလာလေ့ရှိပါတယ်။ ပြီးတော့ ပတ်ဝန်းကျင်နဲ့လည်း ဆိုင်ပါတယ်။ အခုခေတ်ဆိုရင် သူများနည်းတူ လှချင်ပချင်တဲ့အတွက် မိန်းကလေးတွေ အပျိုဖြစ်တာ ပိုစောလာတာကို တွေ့ရပါတယ်။

ရာသီခွင်တစ်ခုဟာ ပုံမှန်အားဖြင့် လစဉ် ၂၈ ရက်မှာတစ်ခါ ရာသီလာလေ့ရှိတယ်လို့ ပြောကြပါတယ်။ ဒါပေမဲ့ တစ်ယောက်နဲ့တစ်ယောက် မတူပါဘူး။ ၂၁ ရက် – ၃၅ ရက်ကြားဆိုရင် ဒီရာသီခွင်က ပုံမှန်ပဲလို့ ပြောလေ့ရှိပါတယ်။ ဒါပေမဲ့ တချို့ဆိုရင် ၃လကြာတဲ့အထိ ရာသီမလာတာ၊ တစ်နှစ်နေမှ တစ်ခါရာသီလာတာ စတာတွေ ဖြစ်တတ်ကြပါတယ်။ ဒါဆိုရင် ဒီဓမ္မတာက ပုံမှန်မဟုတ်တော့ဘူး၊ အမှားအယွင်းရှိနေပြီလို့ ပြောလို့ရပါတယ်။

Most Popular

Healthy Life Ad
To Top