မေး. ဆိတ်သားကို ကြိမ်ဖန်များစွာစားရင် ငှက်ဖျားရောဂါဖြစ်တတ်ပြီး ဘဲသားကို စားဖန်များရင် လေဖြတ်တတ်တယ်လို့ သိရပါတယ်။ ဟုတ်ပါသလား။ ဟုတ်တယ်ဆိုရင် ဘာကြောင့်ဖြစ်ရသလဲ၊ မဖြစ်အောင် ဘယ်လိုစားသုံးရမှာလဲ။
ဦးသန့်ဇင်၊ ကျောက်တံတား။
ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။
ဖြေ. ငှက်ဖျားရောဂါဟာ ခြင်ကိုက်ခံရရာကတစ်ဆင့် ကူးစတ်တတ်တဲ့ ငှက်ဖျားရောဂါပိုးကြောင့်ဖြစ်တာပါ။ လေဖြတ်တာကလည်း ဦးနှောက်တွင်း သွေးကြောပိတ်ဆို့ခြင်း၊ သွေးယိုစီးခြင်းတွေကြောင့် ဖြစ်လေ့ရှိပါတယ်။ ဆိတ်သား၊ ဘဲသားနဲ့ မဆိုင်ပါဘူး။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)