Healthy Life Ad
International

တရုတ်နိုင်ငံတွင် ဖွံ့ဖြိုးနေသည့် ကလေးအချင်း မှောင်ခိုဈေးကွက်

၊ မိုးမင်းထွန်း ၊

ကလေးအချင်းတွေဟာ မိခင်အသစ်တွေအတွက် အာဟာရဓာတ်ပြည့်စေပြီး ကျန်းမာရေးကောင်းစေတယ်လို့ ယုံကြည်သူတွေကြောင့် တရုတ်နိုင်ငံရှိ ဆေးရုံတွေမှာ တရားမဝင်ရောင်းဝယ်နေကြပါတယ်။ ဥပဒေအရတားမြစ်ထားပေမယ့် မှောင်ခိုဈေးကွက်ရှိနေပြီး ရောင်းသူတွေဟာ တစ်လအမေရိကန်ဒေါ်လာ ၁၄၅၀ဝ နီးပါးတန်ဖိုးရှိ တရုတ်ယွမ်ငွေ ၁၀ဝ၀ဝ၀ လွယ်လွယ်ကူကူရရှိနေတယ်လို့ သိရပါတယ်။

အသက်၄၀အရွယ် လီပင်းဟာ ကလေးအချင်းရောင်းသူတစ်ယောက်ဖြစ်ပြီး ဆေးရုံမှလတ်ဆတ်တဲ့အချင်းကို ယွမ် ၄၀ဝ ပေးဝယ်ကာ ဆေးတောင့်လေးတွေအဖြစ် ပြန်လည်ထုတ်ပိုးကာ အမြတ်တင်ရောင်းချတယ်လို့ဆိုပါတယ်။ အချင်းကို ဆေးကြော၊ ပြုတ်ကာ ဖြတ်တောက်၊ မီးဖုတ်ပြီးနောက် အမှုန့်ပြုလုပ်ကာ ဆေးတောင့်တစ်ခုချင်းစီမှာ ထည့်လေ့ရှိတယ်လို့သိရပါတယ်။

အချင်းပါတဲ့ ဆေးတောင့်စားခြင်းဖြင့် သန္ဓေသားလောင်းတွေဟာ ဝမ်းဗိုက်ထဲမှာ အာဟာရပိုမိုရကာ ရုပ်ရည်လှပတဲ့အကျိုးကျေးဇူးရရှိစေသလို မီးလောင်ဒဏ်ရာနဲ့ သန္ဓေမအောင်တဲ့ ရောဂါကိုပါ ကုသနိုင်တယ်လို့ ယုံကြည်သူတွေရှိနေကြပါတယ်။ တရုတ်နိုင်ငံမှာ ကလေးအချင်းရောင်းဝယ်ဖောက်ကားမှုကို ဥပဒေအရတားမြစ်ထားပေမယ့် တိတိကျအရေးယူနိုင်ဖို့ နောက်ထပ်ဥပဒေတွေ လိုသေးကြောင်းလည်း တရုတ်ရှေ့နေတွေက အကြံပြုထားကြပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top