Healthy Life Ad
Life Style

အတွင်းမှာ အချင်းကျန်နေခြင်း (RPOC and Retained placenta)

ဒေါက်တာတင့်ဆွေ

၁။ အချင်းကပ်တာ ဘာကြောင့်လဲ။

၂။ သမီးအသက် ၃၂နှစ်ပါ။ Abortion ဖြစ်လို့ D&C လုပ်ထားပါတယ်။ လုပ်ပြီးကာစက သွေးဆင်းတာများပါတယ်။ ၆ ပတ်နဲ့ပါ။ ၂ ပါတ်လောက်ထိ သွေးမတိတ်လို့ Antibiotics one Course တိုက်ပါတယ်။ ဆေးသောက်ပြီးနောက်ပိုင်း သွေးဆင်းတာ လျော့သွားပါတယ်။ သွေးရဲရဲ မဟုတ်တော့ဘဲ အညိုရောင်လေးတွေဆင်းပါတယ်။ အများကြီး မဟုတ်ပါ။ Transvaginal USG ရိုက်တော့ Haematoma in anterior uterine and upper cervical wall ဆိုပြီး ရေးထားပါတယ်။ RPOC မဟုတ်ပါတဲ့။

ဒုတိယမေးခွန်းမေးသူက ဆရာဝန်ဖြစ်တယ်။ အင်္ဂလိပ်စာလုံးကို ဘာသာပြန်ပါမယ်။

Abortion = ကိုယ်ဝန်ပျက်ခြင်း၊

D&C = သားအိမ်ခြစ်ခြင်း၊

Antibiotics = ပဋိဇီဝဆေး၊

Transvaginal USG = မွေးလမ်းကြောင်းကနေရိုက်တဲ့ အာလ်ထွာဆောင်း၊

Haematoma in anterior uterine and upper cervical wall = မွေးလမ်းကြောင်းရှေ့ပိုင်းနဲ့ သားအိမ်ဝ-အထက်ပိုင်းမှာရှိတဲ့ သွေးခဲ၊

ကိုယ်ဝန်ပျက်ရင် (၃) မျိုးဖြစ်နိုင်တယ်။

၁။ အကုန်အစင်ထွက်ခြင်း၊ ဆရာဝန်မလိုပါ။

၂။ တဝက်တပျက်ကျခြင်း၊ သားအိမ်ခြစ်ဖို့လိုမယ်။

၃။ ပိုးဝင်ခြင်း၊ ဆေး + သားအိမ်ခြစ်တာလိုမယ်။

Retained products of conception (RPOC) ဆိုတာ သန္ဓေတည်တာနဲ့ဆိုင်တဲ့ အစိတ်အပိုင်းတခုခု သားအိမ်ထဲမှာ ကျန်နေတာ။ အချင်းရဲ့ အစိတ်အပိုင်းနဲ့ ရေမြွှာအိတ်လွှာဖြစ်နိုင်တယ်၊ အများဆုံးဖြစ်တာကတော့ Succinate lobe အချင်း ပိုဖြစ်တယ်။ တခါတလေမှာ ဒုတိယအချင်း၊ တတိယအချင်းလို့လည်း ခေါ်သေးတယ်။ သေးသေးလေးဖြစ်တယ်။ ကြီးတာကို Bilobate placenta လို့ခေါ်တယ်။ အရွယ်အစားညီသလိုနေတယ်။ ပုံမှန်အချင်းနဲ့ သွေးကြောဆက်နေတယ်။ အချင်းတွေက ဆက်မနေရင် Placenta spuria လို့ သတ်မှတ်တယ်။

RPOC ကို နေ့စေ့လစေ့ မွေးဖွားဖြစ်စဉ်မှာသာ မဟုတ်ဘဲ၊ လမစေ့ဘဲမွေးတာ၊ ကိုယ်ဝန်အလိုလိုပျက်ရာကနေ၊ တမင်တကာ ကိုယ်ဝန်ဖျက်ချတာ၊ အားလုံးကနေ ဖြစ်စေနိုင်တယ်။ အထဲမှာ ကျန်နေနိုင်တယ်ဆိုတာက အချင်းနဲ့ပတ်သက်တာအပြင် သန္ဓေနဲ့ပတ်သက်တာလည်းဖြစ်နိုင်တယ်။ ဘယ်လောက်အဖြစ်များသလဲ ပြောကြတာတွေ အတော်မတူပါ . . .

RPOC ကို နေ့စေ့လစေ့ မွေးဖွားဖြစ်စဉ်မှာသာမဟုတ်ဘဲ၊ လမစေ့ဘဲမွေးတာ၊ ကိုယ်ဝန်အလိုလို ပျက်ရာကနေ၊ တမင်တကာ ကိုယ်ဝန်ဖျက်ချတာ၊ အားလုံးကနေဖြစ်စေနိုင်တယ်။ အထဲမှာ ကျန်နေနိုင်တယ်ဆိုတာက အချင်းနဲ့ပတ်သက်တာအပြင် သန္ဓေနဲ့ပတ်သက်တာလည်းဖြစ်နိုင်တယ်။ ဘယ်လောက်အဖြစ်များသလဲ ပြောကြတာတွေ အတော်မတူပါ။ ၁% လို့ ဖတ်ရတယ်။ ဖြစ်ရင်မွေးပြီး သူများ ထက်သွေးပိုဆင်းတာဖြစ်မှာ သေချာတယ်။ မွေးလမ်းကနေ သွေးဆင်းတာအပြင် ဆီးစပ်ကနာမယ်၊ ကိုယ်ပူမယ်။ ဒီလက္ခဏာတွေက တခြားအကြောင်းတွေကနေလဲ ဖြစ်စေတာမို့ ခွဲခြားရမလွယ်တတ်ဘူး။ ဥပမာ ကိုယ်ဝန်ပျက်ကျမှန်းမသိဘဲ ရာသီအများကြီးဆင်းမယ်။ ကိုယ်ဝန်အကုန်ပျက်ကျတာနဲ့ တဝက်တပျက် ပျက်ကျတာ ရောနိုင်တယ်။ မျိုးပွားလမ်းမှာ တခြားအကြောင်းကြောင့် ရောင်နေတာနဲ့လဲ မှားနိုင်တယ်။

RPOC ကို ထုံးစံအတိုင်းသားအိမ်ခြစ်တာလုပ်ရင် သွေးတွေတအားဆင်းနိုင်တယ်။ တခါတလေ Aneurysm လို သွေးကြောဖောင်းတာရှိနေရင် Artery embolization လုပ်ရတတ်တယ်။ Antibiotics ဆေးကို လိုလိုမယ်မယ်ကြိုပေး-မပေး အယူအဆ ၂ မျိုးရှိတယ်။ Ultrasound လုပ်သင့်တယ်။ မှတ်ချက်က A variable amount of echogenic or heterogeneous material within the endometrial cavity လို့ရေးနိုင်တယ်။ ကိုယ်ဝန်ပျက်ကျပြီးနောက် ဒါမှမဟုတ် သားအိမ်လဲခြစ်ပြီးနောက်မှာ Endometrial thickness သားအိမ်-အတွင်းဆုံးလွှာရဲ့ အထူက 5 mm ဆိုရင် သံသယရှိသင့်တယ်။ MRI ရိုက်ရင် သားအိမ်ထဲမှာ တခုခုရှိနေတာ၊ သားအိမ်-နံရံထူနေတာတွေမြင်နိုင်မယ်။ Endometritis သားအိမ်ရောင်တာ၊ Gestational trophoblastic disease ကင်ဆာနဲ့ ဆင်တဲ့ရောဂါ၊ Uter­ine arteriovenous malformation သားအိမ်သွေးကြောရောဂါတွေနဲ့ ခွဲခြားရမယ်။

Retained placenta အချင်းမကျခြင်း

ပဌမမေးခွန်းက ကလေး နေ့စေလစေ့ မွေးသူတွေမှာ အချင်းကပ်တာကိုမေးတာဖြစ်တယ်။ RPOC ထက်အဖြစ်များတယ်။ Retained placenta ခေါ်တယ်။ ဘာလို့ဖြစ်သလဲ မပြောနိုင်ဘူး။ ကိုယ်ဝန်ကို ဆေးသုံးပြီးဖျက်ချတာ၊ လရင့်မှပျက်ကျတာ၊ အချင်းပုံမှန်မဟုတ်တာတွေကနေ ဖြစ်တာများတယ်။ သားဦးလဲဖြစ်၊ ကလေးမွေးများသူလဲဖြစ်၊ အသက်ကြီးသူတွေလဲမလွတ်၊ ဆီးထဲမှာ အနယ်ပရိုတင်းပါနေသူလဲစဉ်းစားရတယ်။ ကလေးပုံမှန်မဟုတ်ရင်လဲ ဖြစ်နိုင်တယ်။

အရေးပေါ်ကုသရတယ်။ အချင်းဆိုတာ ကလေးမွေးပြီး အလိုလိုကွာကျလာရတယ်။ သားဦးဖြစ်ဖြစ် မွေးဖူးသူဖြစ်ဖြစ် အများအားဖြင့် ၅ မိနစ်သာ ကြာတယ်။ IV drip သွေးပြန်ကြောထဲ ဆေးသွင်းတာ တပ်ထားရမယ်၊ Oxytocin drip မပေးသင့်ဘူး။ Oxytocin injection 20 IU ကို Saline 20 ml မှာဖျော်ပြီး ချက်ကြိုးထဲထိုးပေးနိုင်တယ်။ ချက်ကြိုးညှပ်ဖို့ အရင်းမှာ ကပ်ထားပါ။ နာရီဝက်နေလို့မှ အချင်းမကျသေးရင် Manual removal အချင်းကို လက်နဲ့ထုတ်ယူတာလုပ်ရမယ်။ ထုံဆေး၊ မေ့ဆေးသင့်တော်တာ သုံးနိုင်တယ်။ သားအိမ်ဝပြန်မပိတ်ခင် လက်ကို တံတောင်ဆစ်လောက်အထိထည့်ပြီး စိတ်ရှည်လက်ရှည် ခွာယူပြီး ထုတ်ပေးရတယ်။ လူနာကို အားပေးထားရမယ်။ သွေးလိုတာ ရှားတယ်။ အသက်အန္တရာယ် ထိခိုက်တာ မတွေ့ဖူးခဲ့ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top