Healthy Life Ad
Health Tips

နှလုံးရောဂါကင်းဝေးဖို့ တစ်နေ့အနည်းဆုံး ငါးမျိုးပါဝင်အောင်စားရမယ့် အစာများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

နှလုံးဆိုတာ လူ့ခန္ဓာကိုယ်မှာ အရေးပါတဲ့ အင်္ဂါအစိတ်အပိုင်းတစ်ခုဖြစ်ပါတယ်။ အံ့အားသင့်စရာ ကောင်းတာဟာ လူတွေက နှလုံးကျန်းမာရေးကို ဂရုစိုက်မှုနည်းပါတယ်။ နေ့တိုင်းစိတ်ဖိစီးမှုတွေများသလို ကိုလက်စထရောများတဲ့အစာတွေ စားနေတတ်ပြီး နှလုံးကျန်းမာအောင် ဘယ်လို စားသောက်ရမလဲလို့ သိပ်မစဉ်းစားကြပါဘူး။ နှလုံးသွေးကြောကျန်းမာပြီး နှလုံးအမောဖောက်ခြင်း (Heart Attack) ကင်းဝေးစေဖို့ အောက်ပါ အစာတွေထဲကနေ တစ်နေ့ အနည်းဆုံးငါးမျိုးခန့် ထည့်သွင်းစားပေးရပါမယ်။

(၁) စတော်ဘယ်ရီ၊ ဘလူးဘယ်ရီ
စတော်ဘယ်ရီနဲ့ ဘလူးဘယ်ရီသီးတွေက သွေးတိုးကျစေပြီး သွေးကြောကျယ်စေပါတယ်။

(၂) ငါးအဆီ
ငါးဒန်၊ ငါးမြင်းတို့လို အဆီများတဲ့ ငါးတွေကို စားပေးရင် နှလုံးသွေးကြောကျဉ်းတာနဲ့ နှလုံးခုန် မမှန်ဖြစ်တာတွေကို လျော့ကျစေပါတယ်။ တစ်ပတ်မှာ အနည်းဆုံး ၂-၃ ကြိမ်စားပေးပါ။

(၃) အမည်းရောင် ချောကလက်
သွေးတိုးကို ပုံမှန်ဖြစ်စေပြီး ရောင်ရမ်းမှုနဲ့ သွေးခဲမှုကို တွန်းလှန်ပေးပါတယ်။

(၄) အခွံမာအစေ့အဆန်
အခွံမာအစေ့အဆန်တွေမှာ ပရိုတင်းအမျှင် ဓာတ်ပါဝင်တာကြောင့် နှလုံးကျန်းမာစေပါတယ်။ ဗီ တာမင်အီးပါတဲ့အတွက် မကောင်းတဲ့ ကိုလက်စထရော ကျစေပါတယ်။

(၅) သံလွင်ဆီစစ်စစ်
တစ်နေ့မှာ သံလွင်ဆီစစ်စစ် တစ်ဇွန်းခန့် ထည့်ထားတဲ့ ဟင်းလျာစားပေးရင်တောင် မကောင်းတဲ့ ကိုလက်စထရောကျစေပြီး သွေးတွင်းသကြားဓာတ် ကို ထိန်းပေးပါတယ်။

(၆) လက်ဖက်စိမ်းလက်ဖက်ရည် (Green Tea)
တစ်နေ့ Green Tea တစ်ခွက်သောက်ရုံနဲ့ မကောင်းတဲ့ ကိုလက်စထရောအဆီခဲဖြစ်ပေါ်မှုကို ရပ်တန့်စေပါတယ်။ ဒါ့အပြင် ခန္ဓာကိုယ်ရဲ့ ဇီဝရုပ်ဖြစ်ပျက်မှုအားကောင်းစေပြီး အပိုကိုယ်အလေးချိန်ကို လျော့ကျစေပါတယ်။

(၇) ပန်းဂေါ်ဖီစိမ်းနှင့် ဟင်းနုနယ်ရွက်
ဗီတာမင်၊ သတ္တုဓာတ်နဲ့ အင်တီအောက်ဆီးဒင့် ပါဝင်မှုများတာကြောင့် နှလုံးကျန်းမာပြီး သွေးတိုးထိန်းနိုင်ပါတယ်။

(၈) ထောပတ်သီး
ထောပတ်သီးစားရင် မကောင်းတဲ့ကိုလက်စထရောအဆင့် လျော့ကျစေပြီး သွေးကြောတွေကို သန့်စင်စေပါတယ်။

(၉) သလဲသီး
အင်တီအောက်ဆီးဒင့်ပါတဲ့အတွက် သွေးတိုးကျစေပြီး သွေးလှည့်ပတ်မှုကောင်းကာ ဟေမိုဂလိုဘင်အဆင့် မြင့်တက်စေပါတယ်။

(၁၀) ဖရဲသီး
အင်တီအောက်ဆီးဒင့်ပါတဲ့ ဖရဲသီးဟာ သွေးကြောကျန်းမာစေပြီး မကောင်းတဲ့ ကိုလက်စထရော လျော့ကျစေပါတယ်။

(၁၁) ကြက်သွန်ဖြူ
သွေးကြောကျယ်စေပြီး သွေးတိုးကျစေပါတယ်။

(၁၂) ပန်းသီးနှင့် သစ်တော်သီး
အမျှင်ဓာတ်ပါဝင်မှုများတာကြောင့် နှလုံးကျန်းမာစေပြီး သွေးလှည့်ပတ်မှုကောင်းစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top