Healthy Life Ad
Life Style

ကိုယ့်ခန္ဓာကိုယ်နှင့် ပတ်သက်ပြီး ယုံကြည်မှုတိုးစေမည့် အဆင့် ၁၀

၊ ငွေကြယ်စင်ယံ ၊

အဆင့် (၁) – သင့်ခန္ဓာကိုယ်ရဲ့ စွမ်းဆောင်နိုင်သမျှ လုပ်ဆောင်မှုအားလုံးကို တန်ဖိုးထားပါ။ ဒါဆိုရင် ဘယ်အစိတ်အပိုင်းကမလှဘူးဆိုတာထက် တန်ဖိုးရှိကြောင်း သိနားလည်ပြီး နှစ်သက်နေပါလိမ့်မယ်။

အဆင့် (၂) – သင့်ခန္ဓာကိုယ်နဲ့ ပတ်သက်ပြီး သင်သဘောကျတဲ့ ထိပ်တန်းအရာ ၁၀မျိုးကို စာရင်းပြုစုထားပါ။

အဆင့် (၃) – အလှအပဆိုတာ စိတ်ခံစားမှုပေါ်မှာ မူတည်နေပါတယ်။ သင့်စိတ်က ကြည်နူးချမ်းမြေ့ပြီး တက်ကြွနေရင် သင့်ခန္ဓာကိုယ်ဟန်ပန်ကလည်း အလိုလိုကြည့်ကောင်းနေမှာပါ။

အဆင့် (၄) – သင့်ခန္ဓာကိုယ်အစိတ်အပိုင်းတွေမှာ အပြစ်အနာအဆာတွေရှိရင်၊ ချို့ယွင်းချက်တွေ ရှိရင်စိတ်ထဲသိပ်မထားပါနဲ့။

အဆင့် (၅) – အကောင်းမြင်တတ်တဲ့သူတွေနဲ့သာ ပေါင်းသင်းနေထိုင်ပါ။ သူတိုရဲ့အကောင်းမြင်စိတ် ကြောင့် သင်က ကိုယ့်ကိုယ်ကိုယ်ယုံကြည်မှုပိုရှိနေပါလိမ့်မယ်။

အဆင့် (၆) – သင့်ခန္ဓာကိုယ်အချိုးအစားနဲ့ ပတ်သက်ပြီး အမြဲအပြစ်တင်တတ်သူ၊ နှိမ်ချတတ်သူ တွေရဲ့အသံကို နားမထောင်ပါနဲ့။

အဆင့် (၇) – သင့်အတွက် သက်သောင့်သက်သာ ရှိပြီး သင့်ခန္ဓာကိုယ် ကြည့်ကောင်းစေတယ်လို့ ခံစားရတဲ့ အဝတ်အစားကိုဝတ်ဆင်ပါ။

အဆင့် (၈) – ခန္ဓာကိုယ်ဟန်ပန်နဲ့ပတ်သက်ပြီး မသက်မသာ ခံစားရတိုင်း အသက်ပြင်းပြင်းရှူပြီး မတ်မတ်နေပါ။ မတ်မတ်ရပ်ပါ။

အဆင့် (၉) – သင့်ခန္ဓာကိုယ်အတွက် အဆင်ပြေပြီး အနာတရမဖြစ်စေမယ့် အလုပ်ကို ရွေးချယ်လုပ် ဆောင်ပါ။

အဆင့် (၁၀) – အစားအသောက်ကို ကျန်းမာရေးနဲ့ အညီရွေးချယ်စားပါ။ သန့်ရှင်းလတ်ဆတ်တဲ့အစား အသောက်တွေကို စားပေးတာက စိတ်ကြည်လင်ပြီး ခန္ဓာကိုယ်ကို အဆီပိုကင်းရှင်းကာ ကျော့ရှင်းလှပစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top