Healthy Life Ad
International

ဇွဲကောင်းသည့် ဆရာမကြောင့် ၁၅ လကြာ သတိမေ့နေသော တပည့် ပြန်လည်နိုးထလာ

၊ မိုးမင်းထွန်း ၊

တရုတ်နိုင်ငံ အရှေ့ပိုင်းမှ အသက် ၁၅ နှစ်အရွယ် ကျန်ဟောင်ဂျီးဆိုတဲ့ ကျောင်းသားတစ်ယောက်ဟာ ၂၀၁၆ ဖေဖော်ဝါရီလက ဦးနှောက်သွေးမတိတ်တဲ့ရောဂါနဲ့ သတိမေ့သွားခဲ့ပါတယ်။

ကျန်ရဲ့ ဆရာမ အသက် ၃၄ နှစ်အရွယ် ထုန်ရှူဖန်းဟာ ဆေးကုစရိတ် တရုတ်ယွမ် ၂သိန်းရ အောင်အလှူခံပေးခဲ့တဲ့အပြင် နေ့စဉ်ကျောင်းဆင်းတိုင်း ကျန်ရဲ့အိမ်သို့ရောက်လာကာ ကျောင်းမှာ ဖြစ် ပျက်သမျှကို လာရောက်ပြောကြားခဲ့ပါတယ်။


“အတန်းထဲမှာ အစမ်းစာမေးပွဲစစ်တာ၊ ကျန်သာဝင်ဖြေရင် အရင်ကလိုပဲ ထိပ်ဆုံးငါးဦး အဆင့်ရမှာ”စတဲ့ အားပေးစကားတွေအပြင် “နေ့လယ်စာ ကျောင်းမှာ ကျန်အကြိုက်ဆုံး ဝက်ပေါင်းကျွေးတာကြောင့် မြန်မြန်နာလန်ထပြီးလာစားဖို့”ဆိုတဲ့ကျောင်းမှာဖြစ်ပျက်သမျှကို လာရောက်ပြောကြားခဲ့ပါတယ်။ ထုန်ရဲ့အကူအညီနဲ့ကျန်ဟာ တဖြည်းဖြည်းနဲ့ အသိစိတ်ပြန်ရလာခဲ့တယ်လို့ သိရပါတယ်။

ဆရာမထုန်ရောက်လာပြီး ကျောင်းကအကြောင်းတွေပြောတိုင်း သူ့ရဲ့သားဟာ မျက်လုံးဖွင့်ကြည့်လာကာ ပြုံးပြလာနိုင်ကြောင်း ကျန်ရဲ့ဖခင်က ပြောပြပါတယ်။ ဆရာမထုန်ရဲ့ ဇွဲကောင်းကောင်းနဲ့ကြိုးစားမှုကြောင့် ကလေးပြန်လည် သတိရလာတာကြောင့် ဆရာဝန်တွေတောင် အံ့သြချီးကျူးခဲ့ကြပါတယ်။ နောက်ထပ် ပြန်လည်ထူထောင်ရေးလုပ်ဖို့ရှိသေးပြီး မကြာခင်မှာ ခန္ဓာကိုယ်အစိတ်အပိုင်းအတော်များများ လှုပ်ရှားလာနိုင်တော့မယ်လို့ ဆရာဝန်တွေက ရှင်းပြခဲ့ပါတယ်။

(Ref; SCMP)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top