မေး။ ။ ဒက်ကို ဘယ်လို ကုသနိုင်ပါသလဲ။ ဆေးကုတာက ဘယ်လောက်အချိန်ကြာတတ်ပါသလဲ။
Nay Yi (FB)
ပါမောက္ခဒေါ်မြတ်စန္ဒာကျော် (အရေပြားအထူးကု ဆရာဝန်ကြီး) ဖြေကြားသည်။
ဖြေ။ ။ ဒက်ဆိုတာ ဦးရေပြားမှာ မှိုပိုးဝင်တဲ့ ရောဂါတစ်မျိုးဖြစ်ပါတယ်။ ဒက်ပေါက်ရင် အကြေးခွံ အဖတ် လေးတွေနဲ့ ဆံပင်ကျွတ်နေတတ်ပါတယ်။ ဦးရေပြားမှာ ဖုတက်ရောင်နေတဲ့ အနာလုံးတွေကိုလည်း တွေ့ရတတ်ပါတယ်။ ပြည်တည်နေကာ အမာရွတ်ဖြစ်ပြီး ဆံပင်ပြန်မပေါက်တာမျိုးလည်းတွေ့နိုင်ပါတယ်။ ကုသနည်းမှာ လိမ်းဆေးနဲ့ ကုသလို့ မရနိုင်ပါဘူး။ မှိုပိုးသေစေတဲ့ ဆေးတွေနဲ့ ကုသရပါမယ်။ ဘက်တီးရီးယားပိုးဝင်ပါက မကုသရင် ဘက်တီးရီးယားပိုး ဝင်တတ်ပါတယ်။ ဆံပင်ကျွတ်တတ်ပါတယ်။ တချို့ လူတွေမှာ ကုသမှု နောက်ကျရင် ဆံပင်ပြန်မပေါက်တော့ပါဘူး။ ဒက်ပေါက်ရင် ဆေးကုသတဲ့ အချိန်က ခြောက်ပတ် အနည်းဆုံး ဖြစ်ရပါမယ်။ လိုအပ်ရင် အရောင်ကျဆေးကို သုံးရပါမယ်။ ပြည်တည်ရင် ခွဲစိတ်ကုသရပါမယ်။
(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)