Healthy Life Ad
Life Style

လေထုညစ်ညမ်းမှုကြောင့် ကိုယ့်ကျန်းမာရေး မထိခိုက်စေရန် ကာကွယ်နည်းများ

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ကိုယ်နေထိုင်ရာ ပတ်ဝန်းကျင်မှာ လေထုညစ်ညမ်းမှုဖြစ်နေတာက လူ့ကျန်းမာရေးကို ထိခိုက်စေနိုင်ပါတယ်။ ကားတွေအသုံးပြုမှုများတာ၊ စက်ရုံအလုပ်ရုံတွေကနေ မီးခိုးငွေ့တွေ ထွက်ရှိမှုများတာတွေကြောင့် လေထုညစ်ညမ်းမှု အဖြစ်များနေပါတယ်။ ဒီလေတွေကို နေ့စဉ်ရှူသွင်းမိတဲ့အခါ နောက်ဆက်တွဲကျန်းမာရေးအန္တရာယ်တွေ ဖြစ်လာတတ်ပါတယ်။

လေထုညစ်ညမ်းမှုကြောင့်ဖြစ်ရသည့် ကျန်းမာရေးပြဿနာများ

လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်နေတဲ့ ကျန်းမာရေးပြဿနာ အများကြီးရှိပါတယ်။ အများအားဖြင့် အသက်ရှူလမ်းကြောင်းစနစ်နဲ့ ဆက်စပ်နေတဲ့ ပြဿနာတွေပဲဖြစ်ပါတယ်။ လေထဲက အန္တရာယ်ရှိတဲ့ ဓာတုပစ္စည်းတွေကို သွေးကစုပ်ယူပြီး ခန္ဓာကိုယ်အနှံ့ပို့ဆောင်တာကြောင့် ကျန်းမာရေးကို အကြီးအကျယ်ထိခိုက်စေတာဖြစ်ပါတယ်။ အိမ်တွင်းမှာ လေထုညစ်ညမ်းမှုဖြစ်နေရင် ပိုမိုဆိုးရွားတဲ့ ကျန်းမာရေးအန္တရာယ်တွေကို ဖြစ်စေနိုင်ပါတယ်။

– လေထဲက အမှုန်အမွှားတွေကြောင့် မျက်စိယားယံကာ စပ်ဖျဉ်းဖျဉ်းဖြစ်တာ၊ အသက်ရှူလမ်းကြောင်း ထိခိုက်တာ၊

– လေထုညစ်ညမ်းမှုဒဏ် အကြီးအကျယ်ခံရတာကြောင့် ရင်ဘတ်တင်းကျပ်တာ၊ မျက်စိပူစပ်ပူလောင်ဖြစ်တာ၊

– လေပြွန်ရောင်တာ၊ အဆုတ်ထိခိုက်တာ၊

– ရုတ်တရက်နဲ့ ပြင်းထန်တဲ့ ပန်းနာရင်ကျပ် ဖြစ်နှုန်းများတာ၊

– အဆုတ်ကင်ဆာနဲ့ နှလုံးရောဂါဝေဒနာတွေကလည်း လေထုညစ်ညမ်းမှုနဲ့ ဆက်စပ်နေပါတယ်။

လေထုညစ်ညမ်းမှုကြောင့် ကျန်းမာရေး ပြဿနာမဖြစ်စေရန်ကာကွယ်နည်းများ

(၁) အိမ်တွင်းနဲ့ အလုပ်ခန်းအတွင်းမှာ လေထုသန့်စင်စေမယ့်စနစ်ရှိရပါမယ်။ ဒါမှသာ လေထုထဲက အနံ့အသက်၊ ဖန်းဂတ်စ်မှိုနဲ့ ပိုးမွှားတွေကိုကင်းစင်စေပြီး လေထုသန့်စင်နေမှာဖြစ်ပါတယ်။

(၂) ညစ်ညမ်းတဲ့ပတ်ဝန်းကျင်မှာ လေ့ကျင့်ခန်းလုပ်တာမျိုးကိုရှောင်ပါ။ လေ့ကျင့်ခန်းလုပ်ချိန်အတောအတွင်း အဆုတ်က လေကို ပိုမိုရှူသွင်းဖြစ်စေတာကြောင့် ညစ်ညမ်းတဲ့လေထုကိုရှူမိရင် ခန္ဓာကိုယ်ကို ထိခိုက်နိုင်ခြေ များပါတယ်။

(၃) နေ့ခင်းနေ့လယ်အချိန်ဟာ လေထုညစ်ညမ်းမှု အမြင့်မားဆုံးအချိန်ပဲ ဖြစ်ပါတယ်။ ဒါကြောင့် ဒီအချိန်အတောအတွင်း အိမ်ပြင်ပမှာနေထိုင်တာကို တတ်နိုင်သမျှရှောင်ကြဉ်ပါ။

(၄) လေထုညစ်ညမ်းမှုများတဲ့နေရာမှာ အလုပ်လုပ်ရင် အသက်ရှူလမ်းကြောင်းတစ်လျှောက် စိုစွတ်နေဖို့ အရည်များများ သောက်သုံးသင့်ပါတယ်။ ရေကိုများများသောက်ပေးပြီး အယ်လ်ကိုဟောကိုရှောင်ပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top