Healthy Life Ad
Health Tips

အိမ်မွေးတိရစ္ဆာန်ကြောင့် ဓာတ်မတည့်မှု မဖြစ်စေရန်

၊ မီမိုး ၊ (ဆေးဝါးတက္ကသိုလ်)

အိမ်မွေးတိရစ္ဆာန်တွေနဲ့ မထိတွေ့ မိအောင်ရှောင်တာက ဓာတ်မတည့်မှုကို ရှောင်လွှဲနိုင်တဲ့ အကောင်းဆုံးနည်းပါ။ ဒါပေမဲ့ အိမ်မွေးတိရစ္ဆာန်လေးတွေကို ချစ်ခင်ယုယပြီး မွေးမြူထားတတ်တဲ့ မိသားစုတွေမှာတော့ အိမ်မွေးတိရစ္ဆာန်ကြောင့် ဓာတ်မတည့်မှုမဖြစ်အောင် ထိန်းချုပ်နိုင်မယ့်နည်းကို ရှာဖွေရပါတော့မယ်။

(၁) အိမ်သန့်ရှင်းရေးလုပ်ပါ
အိမ်မွေးတိရစ္ဆာန်တွေကြောင့် ဓာတ်မတည့်မှုမဖြစ်တတ်တဲ့သူက အိမ်သန့်ရှင်းရေးကို အထူးလုပ်သင့်ပါတယ်။ အိမ်မွေး တိရစ္ဆာန်လေးတွေ သွားလာတတ်တဲ့နေ ရာအနှံ့ သန့်ရှင်းပေးပါ။

(၂) ပရိဘောဂများနှင့် ကော်ဇောကိုသန့်စင်ပါ
အိမ်မွေးတိရစ္ဆာန်လေးတွေက အိမ်တွင်း ပရိဘောဂတွေပေါ်၊ ကော်ဇောပေါ်မှာ ပြေးလွှားဆော့က စားလေ့ရှိပါတယ်။ သူတို့ရဲ့ အမွှေးအမှင်လေးတွေကြောင့် ဓာတ်မတည့်မှုဖြစ်တတ်တဲ့အတွက် မကြာခဏ သန့်ရှင်းရေးလုပ်ပေးရပါမယ်။

(၃) အိပ်ရာခင်းကို အသစ်လဲပါ
အိမ်မွေးတိရစ္ဆာန်လေးတွေ တက်ဆော့သွားတဲ့ အိပ်ရာခင်းတွေ၊ စောင်တွေ နဲ့ ခေါင်းအုံးစွပ်တွေကိုလျှော်ဖွပ်ပြီး အသစ်လဲပေးပါ။

(၄) အိမ်မွေးတိရစ္ဆာန်ကို မကြာခဏ ရေချိုးပေးပါ
အိမ်မွေးတိရစ္ဆာန်ကြောင့် ဓာတ်မ တည့်မှုမဖြစ်အောင် အိမ်မွေးတိရစ္ဆာန်ကို တစ်ပတ်တစ်ကြိမ် ရေချိုးပေးသင့်ပါတယ်။

(၅) အညစ်အကြေးများကို အမြန် လှည်းကျင်းသန့်ရှင်းပါ
အိမ်မွေးတိရစ္ဆာန်လေးတွေ စွန့်ပစ် ထားတဲ့ မစင်နဲ့ အညစ်အကြေးတွေကို လက်အိတ်စွပ်ပြီး အမြန်ဆုံး ရှင်းလင်းပေးပါ။ မစင်နဲ့ တခြားအညစ်အကြေးတွေကို ရှင်းလင်းပြီးချိန်မှာ အဲဒီနေရာကို ဆပ်ပြာရေနဲ့ ပွတ်တိုက်ပြီး သန့်စင်အောင် ဖယ်ရှားပေးရပါမယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top