Healthy Life Ad
Health Tips

မိမိဘာသာ ကာမစိတ်ကို လက်နဲ့အာသာဖြေခြင်း (Masturbation)ကြောင့် ကြီးထွားဖွံ့ဖြိုးမှုကို ဟန့်တားစေနိုင်ပါသလား . . .

မဖြစ်နိုင်ပါဘူး။ ဆယ်ကျော်သက်အရွယ်မှာ ကာမစိတ်ကိုဖြေတာကြောင့် ကြီးထွားမှုကို အနှောင့်အယှက်မဖြစ်စေပါဘူး။ ဒီလို Masturbation လုပ်တာကြောင့် ရောဂါဖြစ်စေတယ်၊ ကြီးထွားမှု ဟန့်တားစေတယ်၊ စိတ်ရောဂါဖြစ်စေနိုင်တယ်၊ ကလေးမမွေးနိုင်တာမျိုးဖြစ်တတ်တယ် စတဲ့ အချက်တွေက လူအများစုအထင်မှားနေတဲ့ အချက်တွေပါ။ ဒါတွေက မမှန်ပါဘူး။ လိင်အင်္ဂါကို ထိတွေ့ပြီး အာသာဖြေတာနဲ့ပတ်သက်ပြီး အပြစ်ရှိသလိုခံစားနေရရင် ဆရာဝန်၊ စိတ်ကျန်းမာရေး အကြံပေးသူစတာတွေနဲ့ တိုင်ပင်ဆွေးနွေးသင့်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top