Healthy Life Ad
Health Tips

သင်ဝမ်းချုပ်နေပါက အလွယ်ဖြေရှင်းနည်းများ

၊ ငွေကြယ်စင်ယံ ၊

လူတိုင်းဘဝမှာ တစ်ချိန်မဟုတ် တစ်ချိန်ဆိုသလို ဝမ်းချုပ်တာနဲ့ အူလှုပ်ရှားမှုမကောင်းတာတို့ကိုခံစားရ တတ်ပါတယ်။ အူလှုပ်ရှားမှုမကောင်းဘဲ ဝမ်းချုပ်တဲ့အခါ မာကျောတဲ့ ဝမ်းတွေသွားတာကြောင့် စအိုနာကျင်တဲ့ဒဏ်၊ စအိုကွဲတဲ့ဒဏ်ကိုခံစားရတတ်ပါတယ်။ အူလှုပ်ရှားမှု ကောင်းပြီး ဝမ်းမှန်မှန်သွားစေဖို့ နည်းလမ်းကောင်းတချို့ကို အကြံပြုပါရစေ။

ဝမ်းသွားချင်စိတ်ရင် အောင့်မထားသင့်
ဝမ်းသွားချင်စိတ်ပေါ်တဲ့အခါ အလုပ်များလို့ ခဏအောင့်ထားတာမျိုးမလုပ်ပါနဲ့။ ဝမ်းသွားချင်ရင် အချိန်မဆိုင်းဘဲ အိမ်သာသွားပေးပါ။

သံပရာရည်ရှောက်ရည် သောက်ပါ
သံပရာရည်ရှောက်ရည်ဟာ ဝမ်းမှန်မှန်သွားစေဖို့ သောက်သင့်တဲ့အရည်ပါ။ ကြက်သီးနွေးရေ တစ်ဖန်ခွက် ထဲမှာ သံပရာရည်ရှောက်ရည်ညှစ်ထည့်ပြီး ဆားအနည်းငယ်ထည့်ကာ သောက်ပေးရင် အူသန့်စင်တဲ့ အစွမ်းရှိစေပြီး ဝမ်းမှန်မှန်သွားစေပါတယ်။

ရေများများ သောက်ပါ
ရေသောက်တာကြောင့် ခန္ဓာကိုယ်ထဲက အဆိပ်အတောက်အားလုံးကင်းစင်စေပြီး သွေးလှည့်ပတ်စီး ဆင်းမှုကိုကောင်းမွန်စေပါတယ်။ ဝမ်းမှန်မှန်သွားဖို့ တစ်နေ့မှာ အနည်းဆုံး ရေရှစ်ဖန်ခွက်သောက်ပေးပါ။

အမျှင်ဓာတ်များများ စားပါ
အမျှင်ဓာတ်များများပါတဲ့ အစာကိုစားတာကြောင့် ဝမ်းသွားစေပါတယ်။ ပဲအမျိုးမျိုး၊ ဆီးသီး၊ သဖန်းသီး စတဲ့ အမျှင်ဓာတ်များများပါတဲ့အစာတွေကို စားတာကြောင့် လေပွတာနဲ့ အစာမကြေတာတို့ကို လျော့ပါး သက်သာစေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top