Healthy Life Ad
Life Style

ပြေးပြီးရင် ဘာကြောင့် ဗိုက်ဆာရတာလဲ . . .

၊ ငွေကြယ်စင်ယံ ၊

မိုင်အနည်းငယ်လောက် ပြေးပြီးချိန်မှာ ဗိုက်ဆာတဲ့ ခံစားချက်ဖြစ်တတ်ပါတယ်။ ပြေးပြီးချိန်မှာ ဗိုက်ဆာရတဲ့ အခြေခံအကြောင်း ရင်းကိုနားလည်ဖို့ အရေးကြီးပါတယ်။

– ကယ်လိုရီလောင်ကျွမ်းလို့ပါ
ပြေးတာက ကယ်လိုရီအများအပြားလောင်ကျွမ်းစေတဲ့ လေ့ကျင့်ခန်းအမျိုးအစား တစ်ခုဖြစ်ပါတယ်။ ကယ်လိုရီလောင်ကျွမ်းတဲ့အခါ ဗိုက်ဆာတဲ့ ခံစားချက်ဖြစ်တတ်ပါတယ်။ ပြေးတာက ကယ်လိုရီအများအပြားကို လောင်ကျွမ်းစေတာကြောင့် လမ်းလျှောက်တာ၊ အားကစားခန်းမမှာ စက်ဘီးစီးတာထက်ပိုပြီး ကယ် လိုရီလောင်ကျွမ်းတတ်ပါတယ်။

– အစာကို အလုံအလောက် မစားလို့ပါ
ပြေးပြီးတဲ့အခါ ဗိုက်ဆာနေတဲ့သူတွေက အစာ လျှော့စားသူတွေ ဖြစ်တတ်ပါတယ်။ ခန္ဓာကိုယ်ထဲမှာ ကယ်လိုရီချို့တဲ့နေတာကြောင့် ပြေးပြီး လောင်ကျွမ်းသွားတဲ့ အပိုကယ်လိုရီက ဆာလောင်မှုကိုတိုးစေတာပါ။

– ရေဓာတ်ခမ်းခြောက်လို့ပါ
လူအများစုဟာ ဗိုက်ဆာတာနဲ့ ရေငတ်တာရောထွေးနေတတ်ပါတယ်။ ရေဓာတ်ခမ်းခြောက်တာကို ဗိုက်ဆာတယ်လို့ ထင်နေတတ်တာကြောင့် ရေကိုဖြည်းဖြည်းချင်းငုံပြီးသောက် ပေးကြည့်ပါ။

– ချွေးထွက်များလို့ပါ
မတူညီတဲ့ လေ့ကျင့်ခန်းတွေက ဆာလောင်မှုကို အမျိုးမျိုးသက်ရောက်နေပါတယ်။ ပြေးတာ၊ ပြင်းထန်တဲ့ လေ့ကျင့်ခန်းတစ်မျိုး လုပ်တာတွေကြောင့် ကယ်လိုရီများများလောင် ကျွမ်းပြီး ချွေးထွက်များကာ ဗိုက်ဆာတတ်ပါတယ်။

– တကယ်ဆာတာထက် စိတ်ကြောင့် ဖြစ်တတ်ပါတယ်
တချို့လူတွေက “ပြေးထားတာပဲ၊ ငါများများစားမှဖြစ်မယ်” ဒါမှမဟုတ် “ငါပြေးလိုက်တော့ ဗိုက်ဆာမှာ”လို့ တွေးတတ်ပါတယ်။ ဒီအတွေးကလည်း ပြေးပြီးတဲ့အခါ ဗိုက်ဆာပြီး များများစားဖြစ်စေပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top