Healthy Life Ad
International

အစာဖြတ်ခြင်းက ကျန်းမာရေးအတွက်ကောင်းမွန်ဟု ၂၀၁၆ နိုဘယ်လ်ဆုရှင်ပြောကြား

၊ ZKO ၊

ဂျပန်နိုင်ငံသား ဆဲလ်ဗေဒဆိုင်ရာ သိပ္ပံပညာရှင် ယိုရှိနိုရီအိုဆူမိဟာ ဆဲလ်တွေ ကျန်းမာစေတဲ့ဖြစ်စဉ်ကိုရှာဖွေတွေ့ရှိခဲ့တာကြောင့် ၂၀၁၆ ခုနစ်မှာ နိုဘယ်လ်ဆုရှင်ဖြစ်လာခဲ့ပါတယ်။ သူက အစာဖြတ်ခြင်း (Fasting) ဟာကျန်းမာရေးအတွက် ကောင်းမွန်မှုရှိတယ်လို့ ပြောလိုက်ပါတယ်။
သူက လူ့ခန္ဓာကိုယ်အသက်ရှင်ဖို့ သဘာဝအလျှောက် ခုခံကာကွယ်တဲ့ ဖြစ်စဉ်(Autophagy)ကို တွေ့ရှိခဲ့တာဖြစ်ပြီး ဒါက ဆဲလ်သစ်တွေ ဖြစ်လာအောင် ဆဲလ်ဟောင်းတွေ ရှင်းလင်းတာဖြစ်ပါတယ်။ ဆဲလ်တွေ အလိုအလျောက် ပျက်သုဉ်းတာနဲ့ ဆဲလ်အချင်းချင်း ပြန်စားတဲ့ ဖြစ်စဉ်တွေကလည်း ခန္ဓာကိုယ်ထဲမှာ အမြဲဖြစ်ပျက်နေတယ်လို့ သူက ဆိုထားပါတယ်။ ဒီတွေ့ရှိချက်ကို အခြေခံပြီး အိုဆူမီ ပြောကြားတာက အစာဖြတ်တာနဲ့ အစာအငတ်ခံတာက လူ့ခန္ဓာကိုယ်ကို သူ့အလိုလို ပြန်လည်သန့်ရှင်းစေတဲ့ ဖြစ်စဉ်ဖြစ်တယ်လို့ ဆိုလိုက်ပါတယ်။

(Ref;PVnews)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top