Healthy Life Ad
Q & A

သားအိမ်အားကောင်းချင်ပါတယ် . . .

မေး. မင်္ဂလာပါရှင့်။ ကျွန်မအသက် ၂၈နှစ်ရှိပါပြီ။ အိမ်ထောင်ကျတာ ၃နှစ်မှာ ကလေးနှစ်ခါပျက်ဖူးလို့ပါ။ ပထမတစ်ခါပျက်တုန်းကတော့ အိုဂျီနဲ့သားအိမ်ခြစ်လိုက်ပါတယ်။ နောက်တစ်ခါကျတော့ တစ်လကျော်လေးပဲမို့ ဆေးထိုး ဆေးသောက်ပဲလုပ်လိုက်ပါတယ်။ မပျက်ခင်က သွေးစဆင်းဆင်းချင်း သားအိမ်ခိုင်ဆေးထိုးပါတယ်။ ဒါပေမဲ့ ဆေးထိုးပြီးပြီးချင်း ပျက်သွားတာပါရှင့်။ အဲဒါကြောင့် နောက်ကလေးလိုချင်ရင် ဘယ်လိုနေထိုင်ရမယ်၊ ဘယ်ဆေးတွေ ကြိုတင်သောက်ရမလဲ သားအိမ်အတွက် အားကောင်းစေတဲ့ ဘယ်ဆေးတွေသောက်ရမလဲဆိုတာ ဖြေပေးပါနော်။
ပြည့်ဖြိုးသူ (FB)

ဒေါက်တာမြတ်ထွဋ်ညွန့်မှ ဖြေကြားပေးပါသည်။

ဖြေ. ကလေးပျက်ကျရတဲ့ အကြောင်းရင်းကို စိစစ်ရပါမယ်။ သားအိမ်က ကိုယ်ဝန်ကိုမထိန်းနိုင်တာလား၊ ရောဂါကြောင့်လား . . စသဖြင့် သေသေချာချာ စစ်ဆေးဖို့လိုပါတယ်။ ကြောင်နဲ့ အထိအတွေ့မရှိဖို့၊ ရောဂါပိုးတွေ ကူးစက်ခြင်းရှိ၊ မရှိ စစ်ဆေးဖို့ သားအိမ်နဲ့သားဥပြွန်တွေမှာ ပြစ်ချက်ရှာစစ်ဆေးဖို့လိုပါတယ်။ အကြမ်းအားဖြင့် ကိုယ်ဝန်မဆောင်မီ အာဟာရပြည့်ဝအောင်စားပါ။ အိပ်ရေးဝ၀အိပ်ပါ။ ဖောလစ်အက်ဆစ်ဆေးသောက်ပါ။ စိတ်ဖိစီးမှုနည်းအောင်နေပါလို့ မှာလိုပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top