Healthy Life Ad
International

သွေးမျက်ရည်ကျကာ မျက်လုံးတွေ ကျွတ်ထွက်မတတ် ဝေဒနာ ခံစားခဲ့ရတဲ့ ကလေးငယ် ကုသမှုအောင်မြင်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံ အရှေ့ မြောက်ပိုင်း လက်ဟင်ပါမှ အသက် ၄နှစ်အရွယ်စကာ ဒေါ်ဂျီဟာ လွန်ခဲ့တဲ့နှစ်က သွေးမျက်ရည်ကျကာ မျက်လုံးတွေကျွတ်ထွက်မတတ် ဝေဒနာခံစားခဲ့ရတဲ့ သတင်းက ကမ္ဘာအနှံ့နာမည်ကြီးခဲ့ ပါတယ်။

မိဘတွေက ဆေးကုစရိတ်မတတ်နိုင်ခဲ့တာကြောင့် အိန္ဒိယအာသံပြည်နယ်အစိုးရက ပုဂ္ဂလိက ဆေးရုံတစ်ရုံသို့ ခေါ်ဆောင်ကာ ဆေးကုသဖို့စီစဉ်ပေးခဲ့ပါတယ်။ စကာမှာ Myeloid Leukemia ခေါ်တဲ့ မူမမှန်တဲ့ သွေးဆဲလ် တွေထုတ်လုပ်ပေးတဲ့ ရိုးတွင်းခြင်ဆီကိုဖြစ်ပွားစေတဲ့ သွေးကင်ဆာအမျိုးအစား တစ်မျိုးဖြစ်ပွားနေကြောင်း စစ်ဆေးတွေ့ရှိခဲ့ပြီး ဆရာဝန်တွေက ကင်ဆာဆေးသွင်းကုသမှုပေးခဲ့ပါတယ်။ ကလေးဟာ ကုသမှုကိုကောင်းစွာတုန့်ပြန်နိုင်ခဲ့ပြီး သူရဲ့ ၉နှစ် အရွယ်အစ်မပင်ကီ လှူဒါန်းတဲ့ ရိုးတွင်းခြင်ဆီ အစားထိုးမှုကိုလည်းခံယူခဲ့ပါတယ်။ စကာရဲ့ရောဂါ ကို ကုသနိုင်ခဲ့ပေမယ့် ကလေးရဲ့မျက်စိအမြင် ချို့ ယွင်းမှာကို ဆရာဝန်တွေကစိုးရိမ်နေကြပြီး ရေရှည် စောင့်ကြည့်ဖို့လိုကြောင်း ပြောကြားပါတယ်။

ကုသမှုအောင်မြင်ကာ ဆေးရုံကဆင်းနိုင်ပြီ ဖြစ်ပေမယ့် စကာရဲ့မျက်စိအမြင်အာရုံ ဘယ်လောက် ပမာဏအထိ ပျက်စီးသွားတယ်ဆိုတာ မသိရှိရသေးကြောင်းနဲ့ မျက်ကြည်လွှာပျက်စီးသွားရင် ကုသနိုင်ပေမယ့် တခြားအတွင်းထဲမှပျက် စီးခဲ့ရင် အမြင်အာရုံပြန်ရအောင်ပြုလုပ်ဖို့ ခက်ခဲမှာ ဖြစ်ကြောင်း ဆရာဝန်တွေကဆိုပါတယ်။ စကာရဲ့ မိခင်ကတော့ ကုသမှုမှာ အကူအညီပေးခဲ့သူအား လုံးကို ကျေးဇူးတင်ကြောင်းနဲ့ အသက်အန္တရာယ်ရှိ တဲ့ ကင်ဆာရောဂါကိုကုသနိုင်ခဲ့တဲ့အတွက် အတိုင်း မသိဝမ်းသာမိကြောင်း ပြောကြားပါတယ်။ ကလေး ရဲ့အမြင်အာရုံကောင်းမွန်ဖို့ ဘုရားမှာဆုတောင်း နေကြောင်းလည်း ပြောကြားခဲ့ပါသေးတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်းအသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top