Healthy Life Ad
Life Style

မိဘတွေကို သက်ရှည်ကျန်းမာစေချင်ရင် သူတို့ကို အချိန်များများပေးပါ

ကယ်လီဖိုးနီးယားတက္ကသိုလ်က လေ့လာသူတွေက မိဘတွေရဲ့သက်တမ်းကို ဘယ်လိုနည်းနဲ့ ရှည် အောင်လုပ်ပေးနိုင်မလဲ၊ သူတို့ကို ပိုပြီးကျန်းမာအောင်၊ ဘဝအရည်အသွေးမြင့်တက်အောင် လုပ်ပေးနိုင်မလဲ ဆိုတာ လေ့လာလိုက်တော့ မိဘတွေကို အချိန်ပေးပြီး ဂရုစိုက်ပေးပါတဲ့ . .
အထီးကျန်တာကြောင့် မိဘတွေရဲ့ အိုမင်းတဲ့ဖြစ်စဉ်ကိုတိုးစေပြီး အသက်တိုစေပါသတဲ့။

ပျမ်းမျှအားဖြင့် အသက် ၇၁ နှစ်ရှိတဲ့ သက်ကြီးရွယ်အို ၁၆၀ဝကို လေ့လာလိုက်တော့ ၆ နှစ်ကျော်အကြာမှာ မိသားစုဝင်တွေ အလည်အပတ်မလာရောက်ခဲ့တဲ့ သက်ကြီးရွယ်အို ၂၃ ရာခိုင်နှုန်းက သေဆုံးသွားခဲ့ပြီး ဆွေမျိုးသားချင်းတွေ မကြာခဏလာ ရောက်လည်ပတ်ခဲ့တဲ့ သက်ကြီးရွယ်အို ၁၄ ရာခိုင်နှုန်းကသာ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

အသက်ကြီးလာလေလေ၊ မိသားစုဝင်တွေနဲ့ ထိတွေ့မှုပိုလိုအပ်လေလေပါပဲ။ ဒါပေမဲ့ ဒီနေ့ခေတ် သားသမီး၊ မြေးမြစ်တွေက အလုပ်များနေတာနဲ့ သက်ကြီးရွယ်အိုတွေနဲ့ ထိတွေ့ဆက်သွယ်မှု နည်းလာပါတယ်။ ဒါက မဖြစ်သင့်တဲ့အတွက် ဝေးနေရင်တောင် ဖုန်းခေါ်ပေးတာ၊ အနည်းဆုံး တစ်နှစ်တစ်ခါတော့ မိဘဆီ သွားရောက်ကန်တော့တာတို့ကို လုပ်ဆောင်ပေးသင့်တယ်လို့ လေ့လာသူတွေက အကြံပြုထားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top