Healthy Life Ad
Health Tips

မီးပူလောင်ပြီး အရည်ကြည်ဖုမဖြစ်စေရန် ရှားစောင်းလက်ပပ်ဖြင့်ကာကွယ်နိုင်

အပူလောင်တဲ့အခါ အရည်ကြည်ဖုတွေ ထွက်လာတတ်တာကြောင့် အရည်ကြည်ဖုတွေ မထွက်လာစေဖို့ ရှားစောင်းလက်ပပ်နဲ့ ကာကွယ်သင့်ပါတယ်။

အဆင့် (၁) ရှားစောင်းလက်ပပ်ကို ဂျဲလ်အနှစ်သားရအောင်ထုတ်ပြီး ပလတ်စတစ်အိတ်ထဲထည့်ကာ ရေခဲသေတ္တာထဲမှာ အအေးခံထားပါ။ အေးခဲနေတဲ့ ရှားစောင်းလက်ပပ်က ပြင်းထန်ဆိုးဝါးတဲ့ အပူလောင်ဒဏ်ရာတွေကို ပိုမိုသက်သာစေပါတယ်။

အဆင့် (၂) ပတ်တီးလိပ်ကို အဆင်သင့်ဆောင်ထားပါ။

အဆင့် (၃) မီးပူလောင်တဲ့နေရာမှာ အေးခဲနေတဲ့ ရှားစောင်းလက်ပပ်ကို အုပ်ပေးပြီးပတ်တီးစည်းထားပါ။

အဆင့် (၄) ရှားစောင်းလက်ပပ်ပူလာရင် အသစ်လဲပေးပါ။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top