Healthy Life Ad
Health Tips

ရှားစောင်းလက်ပပ်ဖျော်ရည်သောက်တဲ့အခါ သင့်ခန္ဓာကိုယ်ထဲ ဘယ်လိုပြောင်းလဲသွားမှာလဲ . .

၊ ဇွန်ခိုင်ဦး ၊ (ဆေးဝါးတက္ကသိုလ်)

ရှားစောင်းလက်ပပ်မှာ ဗီတာမင်၊ သတ္တုဓာတ်၊ အမိုင်နိုအက်စစ်နဲ့ အင်ဇိုင်းတွေ အများအပြားပါဝင်နေပါတယ်။ (အသုံးဝင်တဲ့ ဓာတ် ၂၀ဝနီးပါး ပါဝင်တယ်လို့တောင်ဆိုကြပါတယ်) ဒီလိုကျန်းမာရေးစွမ်းပကားမြင့်မားတဲ့ ရှားစောင်းလက်ပပ်ဖျော်ရည်ကို သောက်တာကြောင့် သင့်ကျန်းမာရေးနဲ့ အလှအပအတွက် ကောင်းကျိုးတွေရှိပါတယ်။

– ကိုယ်ခံအားစနစ် ကောင်းမွန်စေပါတယ်

ရှားစောင်းလက်ပပ်မှာ ဗီတာမင်စီပါတဲ့အတွက် ခန္ဓာကိုယ်ရဲ့ အကာအကွယ် လုပ်ငန်းဆောင်တာတွေကို ကောင်းမွန်စေပြီး ကိုယ်ခံအားစနစ်ကို ကောင်းမွန်စေပါတယ်။

ရှားစောင်းလက်ပပ်ဖျော်ရည် ပြုလုပ်တဲ့နည်းလမ်းကို ဖော်ပြပေးပါမယ်။

(၁) ရှားစောင်းလက်ပပ်တစ်ရွက်

(၂) ရေတစ်ဖန်ခွက်

(၃) ပျားရည် ထမင်းစားဇွန်းတစ်ဇွန်း

ရှားစောင်းလက်ပပ်တစ်ရွက်က စူးချွန်တွေနဲ့ အခွံစိမ်းကိုဖယ်ပြီး အနှစ်သားကိုထုတ်ယူကာ ရေတစ်ဖန်ခွက်ထဲ ထည့်ဖျော်ပါ။ ပြီးရင်ပျားရည်ထည့်ပြီး သောက်ရမှာဖြစ်ပါတယ်။

– ဆံပင်သား သန်စွမ်းစေပါတယ်

ရှားစောင်းလက်ပပ်သုံးပေးရင် ဆံပင်သားကျန်းမာစေပြီး ဆံပင်သားသန်စွမ်းကာ တောက်ပြောင်စေပါတယ်။

ရှားစောင်းလက်ပပ်နဲ့ ဆံပင်ကိုပြုပြင်ထိန်းသိမ်းရမယ့်နည်းကတော့-

(၁) ရှားစောင်းလက်ပပ်တစ်ရွက်

(၂) ဗာဒံစေ့ဆီ လက်ဖက်စားဇွန်းတစ်ဇွန်း (မရှိရင် သံလွင်ဆီကိုသုံးပါ)

ရှားစောင်းလက်ပပ်အနှစ်သားကိုယူပြီး ဗာဒံစေ့ဆီနဲ့ရောမွှေကာ ဆံပင်သား အနှံ့သုတ်လိမ်းပေးပါ။ ပြီးရင် ခေါင်းစွပ် (Plastic Cap) စွပ်ကာ မိနစ် ၂၀ထားပါ။ ပြီးမှ ကြက်သီးနွေးရေနဲ့ ခေါင်းလျှော်ပေးပါ။

– အသားအရေ လှပစေပါတယ်

ရှားစောင်းလက်ပပ်က အသားအရေကို စိုပြည်စေရုံသာမက အသားအရေတင်းရင်းပြီး အသားအရေရဲ့ အိုမင်းမှုဖြစ်စဉ်ကို နှေးကွေးစေပါတယ်။ ဒါ့အပြင် မျက်နှာပေါ်မှာ အစက်အပြောက်တွေမဖြစ်အောင် ကာကွယ်ပေးပါတယ်။

ပြုလုပ်ရမယ့်နည်းကတော့-

(၁) ရှားစောင်းလက်ပပ်အနှစ်သားအရည် သုံးအောင်စ၊

(၂) ရေ ထမင်းစားဇွန်းသုံးဇွန်း၊

(၃) အယ်လ်ကိုဟောထမင်းစားဇွန်းငါးဇွန်း

အားလုံးရောပြီး မျက်နှာနဲ့လည်ပင်းကိုလိမ်းပေးပါ။ အချိန် ၁၀ မိနစ်ကြာထားပြီး ရေနဲ့ဆေးချလိုက်ပါ။ ပြီးရင် ခါတိုင်းလို မျက်နှာလိမ်းခရင်မ် လိမ်းပေးရပါမယ်။

– အူလမ်းကြောင်း ကျန်းမာစေပါတယ်

ရှားစောင်းလက်ပပ်ဖျော်ရည်သောက်တာကြောင့် အစာအိမ်နဲ့အူလမ်းကြောင်း နံရံတွေကိုကျန်းမာစေပါတယ်။ တစ်နေ့ ရှားစောင်းလက်ပပ်ဖျော်ရည် တစ်အောင်စကို နှစ်ကြိမ်သောက်ပေးတာကြောင့် မကောင်းတဲ့ ဘက်တီးရီးယားပွားများမှုမဖြစ်အောင် ကာကွယ်ဟန့်တားပေးပါတယ်။

– နေလောင်ဒဏ်ရာကို ကာကွယ်ပေးပါတယ်

ဒဏ်ရာနဲ့ မီးလောင်ဒဏ်ရာတွေအနာ မြန်မြန်ကျက်စေဖို့ ရှားစောင်းလက်ပပ်ပါတဲ့ ဆေးကိုဝယ်လိမ်းပါ။ ဒါမှမဟုတ် အိမ်မှာအလွယ်လုပ်နိုင်တဲ့နည်းရှိပါတယ်။ ရှားစောင်းလက်ပပ်တစ်ရွက်ကိုယူပြီး အနှစ်သားကိုထုတ်ကာ ဒဏ်ရာပေါ်ကပ်ပေးပါ။ တစ်နေ့ နှစ်ကြိမ်-သုံးကြိမ်ပြု လုပ်ပေးနိုင်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top