Healthy Life Ad
Life Style

မိတ်ကပ်ဘရပ်ရှ်များကို တစ်ပတ်တစ်ကြိမ်သန့်စင်ပေးပါ

မိတ်ကပ်ဘရပ်ရှ်တွေကို ကောင်းကောင်း သန့်စင်ဆေးကြောမှုမရှိဘူးဆိုရင် ဘက်တီးရီး ယားပိုးတွေပျံ့နှံ့ကူးစက်စေနိုင်ပါတယ်။ သင့်အနေနဲ့ ညစ်ပတ်နေတဲ့ ဘရပ်ရှ်တွေကိုအသုံးပြုကာ မိတ်ကပ်လိမ်းခြယ်တိုင်း အရေပြားဆီကို ဘက်တီးရီးယားတွေ ပျံ့နှံ့ရောက်ရှိသွားပါတော့တယ်။ ဘရပ်ရှ်တွေမှာ ဆံပင်က ဖုန်တွေလည်း ကပ်ညိနိုင်ကာ အဖုအပိမ့်တွေ ပေါက်စေနိုင်ပြီး မျက်လုံးတွင်းပိုးဝင်မှုကိုလည်း ဖြစ်စေနိုင်ပါတယ်။

ဒါကြောင့် မိတ်ကပ်ဘရပ်ရှ်တွေကို တစ်ပတ်တစ်ကြိမ် သန့်စင်ပေးဖို့ လိုပါတယ်။ နူးညံ့တဲ့ မိတ်ကပ်ဘရပ်ရှ်တွေကို မျက်နှာသန့်စင်ဆပ်ပြာရည် သုံးပြီး သန့်စင်ပေးပါ။ မျက်နှာသစ်ဆပ်ပြာရည်ဟာ သင့်မျက်နှာပေါ်က မိတ်ကပ်တွေကို ကောင်းကောင်းသန့်စင်ပေးနိုင်တယ်ဆိုရင် ဘရပ်ရှ်ပေါ်က မိတ်ကပ်တွေကိုလည်း စင်ကြယ်အောင် သန့်စင်ပေးနိုင်ပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top