Healthy Life Ad
Health Tips

လေယာဉ်ဖြင့် ခရီးသွားမည်ဆိုလျှင် သင့်ကျန်းမာရေး ဂရုစိုက်သင့်သောနည်းများ

၊ ငွေကြယ်စင်ယံ ၊

လေယာဉ်နဲ့ ခရီးသွားရတာက ခရီးဆုံးပန်းတိုင်ကို အတိုဆုံးနဲ့ အမြန်ဆုံး ရောက်နိုင်တဲ့နည်းပါ။ ဒါပေမဲ့ အမြင့်ကိုရောက်လေလေ သင့်ကျန်းမာရေးကို ထိခိုက်နိုင်ခြေပိုများလေလေဖြစ်တာကြောင့် သတိထားပါ။

(၁) လေပွတာသက်သာစေဖို့ အစာများများစားတာရှောင်ပါ။

(၂) သင့်ခန္ဓာကိုယ်ကို လေဝင်လေထွက်ကောင်းမွန်စေဖို့ သက်သောင့်သက်သာရှိပြီး ပေါ့ပါးတဲ့အဝတ်အစားတွေကိုပဲဝတ်ပါ။

(၃) ခြေထောက်တွေရောင်နေရင် အဆင်ပြေစေဖို့ သက်သောင့်သက်သာရှိပြီး ချောင်ချိချိဖြစ်မယ့် ရှူးဖိနပ်ကိုစီးပါ။ ဒါမှသာ လေယာဉ်ပေါ်မှာ သွားလာရလွယ်ကူမှာပါ။ တကယ်လို့ ခြေထောက်တွေညောင်းလာရင် ဖိနပ်ကိုချွတ်ပြီး ခြေချင်းဝတ်နေရာကို နှိပ်နယ်ပေးသင့်ပါတယ်။

(၄) ရေများများသောက်ပါ။ လေယာဉ်ထဲမှာ စိုထိုင်းဆက ၂၀ ရာခိုင်နှုန်းအောက် လျော့နည်းနေတာကြောင့် ရေဓာတ်ပြည့်ဝဖို့ အရေးကြီးပါတယ်။ အရက်၊ ကဖင်းဓာတ်နဲ့ ကာဗွန်ပါတဲ့ အချိုရည်တွေမသောက်ပါနဲ့။ လေယာဉ်အဆင်းအတက်တွေမှာ တံတွေးမျိုပေးပါ။ ဒါမှမဟုတ် ပီကေဝါးတာ၊ သကြားလုံးငုံတာတို့လုပ်ဆောင်ပါ။

(၅) စိုစွတ်တဲ့တစ်သျှူး၊ ဆားရည်နှာခေါင်းတွင်းဖျန်းဆေး၊ အစိုဓာတ်ထိန်းလိမ်းဆေးနဲ့ လက်ဆေးဆပ်ပြာတို့ကို သယ်ဆောင်ပါ။

(၆) ခြေထောက်သွေးကြောထုံးတာမျိုးလို သွေးခဲတဲ့ဖြစ်စဉ်ကိုကာကွယ်နိုင်ဖို့ ခြေထောက်တွေကို မကြာခဏလှုပ်ရမ်းပေးပါ။

(၇) လေယာဉ်နဲ့ခရီးသွားတာက ညဘက်ဖြစ်နေရင်အိပ်စက်ပါ။ နေ့ခင်းဘက်ဖြစ်နေရင် နိုးနိုးကြားကြားနေပါ။ ဒီလိုနည်းကိုလိုက်နာတာက သင့်ခန္ဓာကိုယ်ကို လိုရာပန်းတိုင်ရောက်ရှိချိန်မှာ ကျန်းမာစေမယ့်နည်းဖြစ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top