အရက်သမားတစ်ယောက် အရက်မူးမူးနဲ့ ဘတ်စ်ကားပေါ်တက်လာပြီး အမျိုးသမီးကြီး တစ်ယောက်ဘေးမှာ ထိုင်လိုက်သည်။ အမျိုးသမီးကြီးက အရက်သမားကောင်လေးကို ကြည့်ပြီး စိတ်ဆင်းရဲကြီးစွာ ပြောလိုက်သည်။
” ဒီကောင်လေးကတော့ ငရဲပြည်ကို တန်းတန်းကြီး ရောက်သွားမှာပဲ ”
အရက်သမား ဗြုန်းခနဲ နေရာကထပြီး ကားသမားကို အလန့်တကြား လှမ်းအော်လိုက်သည်။
” ဟိုးထားဆရာ . . ဟိုးထား . . ကျွန်တော် ကားမှားစီးမိပြီ “