Healthy Life Ad
Humour

ကိုယ်မှားပြီ . . . အချစ်ရေ . . .

ယောကျာ်းဖြစ်သူ ခရီးသွားရာမှ တစ်ရက်စောပြီး ညဖက်ကြီး အိမ်ပြန်လာလေသည်။ အိမ်ရောက်သော မိန်းမ မနိုးအောင်ဖြည်းဖြည်းသာသာ အိမ်ထဲဝင်လာသည်။ အိမ်ခန်းထဲရောက်သောအခါ စောင်အောက်တွင် လူနှစ်ယောက်အိပ်နေသည်ကိုတွေ့သဖြင့် ဒေါသအရမ်းထွက်သွားပြီး အနားရှိကပ်ကြေးယူကာ နှစ်ယောက်စလုံးကို ထိုးသတ်လိုက်လေသည်။

ထို့နောက် စိတ်ညစ်လွန်းသဖြင့် အရက်တစ်ခွက်လောက် သောက်ရန် မီးဖိုချောင်ထဲသွားတဲ့အခါ မိန်းမဖြစ်သူက မီးဖိုထဲတွင်ထိုင်ပြီး အသီးအရွက်တွေ လှီးနေတာကို တွေ့လေသည်။

” ဟယ် ကိုပြန်လာပြီလား… ကိုမနက်မှပြန်လာမယ်ဆိုလို့ မနက်စာအတွက် အခုထဲက ပြင်ဆင်နေတာ၊ ဒါနဲ့မိန်းမရဲ့သူငယ်ချင်းတစ်ယောက် မိန်းမခိုးလာပြီး တစ်ညတည်းချင်တယ်ဆိုတာနဲ့ အိပ်ခန်းထဲမှာပဲနေရာပေးထားလိုက်တယ်… ဒီညတော့ ခင်တို့တော့ အဆင်ပြေသလို ဆိုဖာပေါ်မှာပဲ အိပ်လိုက်ကြတာ ပေါ့… နော်ကို”

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top