Healthy Life Ad
Humour

အိမ်ပြန်မယ့် ကားမှတ်လို့ . .

အရက်သမားတစ်ယောက် အရက်မူးမူးနဲ့ ဘတ်စ်ကားပေါ်တက်လာပြီး အမျိုးသမီးကြီး တစ်ယောက်ဘေးမှာ ထိုင်လိုက်သည်။ အမျိုးသမီးကြီးက အရက်သမားကောင်လေးကို ကြည့်ပြီး စိတ်ဆင်းရဲကြီးစွာ ပြောလိုက်သည်။

” ဒီကောင်လေးကတော့ ငရဲပြည်ကို တန်းတန်းကြီး ရောက်သွားမှာပဲ ”

အရက်သမား ဗြုန်းခနဲ နေရာကထပြီး ကားသမားကို အလန့်တကြား လှမ်းအော်လိုက်သည်။

” ဟိုးထားဆရာ . . ဟိုးထား . . ကျွန်တော် ကားမှားစီးမိပြီ  “

Most Popular

Healthy Life Ad
To Top