Healthy Life Ad
International

အသက် ၃၆နှစ်အရွယ်နဲ့ အယ်လ်ဇိုင်းမားရောဂါရခဲ့ရှာသူ အမျိုးသမီး

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အမျိုးသမီးတစ်ယောက်ဟာ အသက် ၃၆ နှစ်အရွယ်မှာ အယ်လ်ဇိုင်းမားရောဂါ စတင်ခံစားခဲ့ရပြီးနောက် ၂၄ နာရီစောင့်ရှောက်မှုနဲ့ နေထိုင်နေရပါတယ်။

ကာလာဘရန်းမောလ်မှာ သူ့ဖခင်နဲ့အဘိုးကို သေဆုံးစေခဲ့တဲ့ ရှားပါးမျိုးရိုးလိုက်ရောဂါ ပါလာခဲ့ပါတယ်။ အသက် ၃၀အရွယ်မှာ ရောဂါလက္ခဏာစတင်ပြသခဲ့ကာ ကားတိုက်မှုဖြစ်ပြီးချိန်မှာတော့ ဖခင်တက်ခဲ့တဲ့ဆေးရုံကို သွားရောက်ပြသခဲ့ပါတယ်။ ဆရာဝန်တွေက အယ်လ်ဇိုင်းမားရောဂါလို့ အတည်ပြုပေးခဲ့ပါတယ်။ ဒီအဖြစ်အပျက်တွေက လွန်ခဲ့တဲ့ ၃ နှစ်အချိန်ကဖြစ်ပြီး အခုအသက်၃၉နှစ်အရွယ် ကာလာရဲ့အခြေအနေဟာ အတော်ဆိုးရွားလာနေပါတယ်။ ဘီးတပ်ကုလားထိုင်နဲ့သွားလာနေရပြီး ခေါင်းတောင်မထောင်နိုင်တော့ပါဘူး။ ပုံမှန်တက်လေ့ရှိတဲ့ သူ့အခြေအနေက သူ့ဖခင်တုန်းကထက် ပိုမိုဆိုးရွားကြောင်း ကာလာရဲ့မိခင်ရီတာက ပြောပြပါတယ်။

ကာလာရဲ့ ကလေးနှစ်ယောက်ကိုလည်း မိခင်ဖြစ်သူနဲ့ အစပိုင်းမှာ တွေ့ခွင့်ပေးခဲ့ပေမယ့် ကလေးတွေ စိတ်ထိခိုက်မှာစိုးတာကြောင့် နောက်ထပ်တွေ့ဆုံခွင့်မပေးတော့ကြောင်း ရီတာက ဆက်ပြောပါတယ်။ ကာလာရဲ့ဖခင်ဟာလည်း အသက် ၄၃ နှစ်အရွယ်မှာ အယ်လ်ဇိုင်းမားရောဂါနဲ့ ကွယ်လွန်သွားခဲ့ပါတယ်။

ဒီလိုအယ်လ်ဇိုင်းမား မိသားစုမျိုးရိုးလိုက်တာက အလွန်ရှားပါးကာ ကမ္ဘာတစ်ဝှမ်း မိသားစု ၄၅၀ ဦးခန့်သာရှိလိမ့်မယ်လို့ ခန့်မှန်းထားပါတယ်။ ဒီမိသားစုတွေက မွေးဖွားလာတဲ့ကလေးတွေမှာ မျိုးရိုးလိုက်ဖို့ အခွင့်အရေး ၅၀/၅၀ ရှိနိုင်ကြောင်း သိရပါတယ်။ အသက် ၃၇ နှစ်အရွယ် ကာလာရဲ့အစ်ကို လီကတော့ သူ့မှာမဖြစ်ဘဲ အစ်မဖြစ်သူမှာ ရောဂါဖြစ်ပွားတဲ့အတွက် စိတ်မကောင်းကြောင်းပြောပြပါတယ်။ ကုထုံးအသစ်ပေါ်လာပြီး ရောဂါပျောက်ကင်းအောင် ကုသနိုင်စေချင်ကြောင်း ပြောကြားခဲ့ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top