Healthy Life Ad
International

ဂျပန်ဆယ်ကျော်သက်မလေး၏ သားအိမ်ထဲတွင် ဦးနှောက်၊ ဦးခေါင်းခွံနှင့် ဆံပင်များ ကြီးထွားလာနေ

၊ မိုးမင်းထွန်း ၊

၁၆နှစ်အရွယ် ဂျပန်ဆယ်ကျော်သက်မလေးရဲ့သားအိမ်ထဲရှိ အကျိတ်လုံးတစ်ခုထဲမှာ ဦးနှောက်အသေးစားတစ်ခု၊ ဦးခေါင်းခွံတစ်ခုနဲ့ ဆံပင်တွေ ဖွံဖြိုးနေတာကို တွေ့ရှိခဲ့ပါတယ်။ အူအတက်ဖယ်ရှားခွဲစိတ်မှုပြုလုပ်နေစဉ်အတွင်း တွေ့ရှိခဲ့တာပါ။

ဆရာဝန်တွေက ၁၀စင်တီမီတာရှိတဲ့ အကျိတ်လုံးကို ဖယ်ရှားဖြတ်ထုတ်ခဲ့ကြပါတယ်။ စစ်ဆေးချက်အရ ဦးနှောက်ဆဲလ်တွေက ဦးနှောက်အနောက်ခြမ်းပုံစံအငယ်စားအရွယ်ထိ ဖွဲ့စည်းနေကြပြီဖြစ်ပြီး အာရုံကြောအချင်းချင်း လှုံ့ဆော်မှုပေးနိုင်အောင် ဖွံ့ဖြိုးနေကြပြီလို့ အကျိတ်ကိုလေ့လာခဲ့တဲ့ ဒေါက်တာမာစာယူကီရှင်တာကူက ဆိုပါတယ်။

သားအိမ်မှာတွေ့ရတဲ့ အကျိတ်တွေဟာ ပုံမှန်အားဖြင့် အန္တရာယ်မရှိကြပါဘူး။ အဲဒီထဲမှာဖြစ်တည်တဲ့ ဦးနှောက်ဆဲလ်တွေကနေ ဦးနှောက်ပုံစံဖွဲ့တည်တာဟာ ရှားပါးတယ်လို့သိရပါတယ်။

ယခင်အမျိုးသမီးတစ်ယောက်မှာ သားအိမ်ထဲမှာ ဦးနှောက်ပုံစံဖွဲ့တည်မှုဖြစ်ဖူးကာ သူ့မှာ ယုံမှားလွန်သံသယဖြစ်တာ၊ စိတ်ချောက်ချားတာနဲ့ မှတ်ဉာဏ်ဆုံးရှုံးတာလို လက္ခဏာတွေပြသတယ်လို့ သိရပါတယ်။ ခန္ဓာကိုယ်ခုခံဆဲလ်တွေက ဦးနှောက်အတုကို တိုက်ခိုက်တာကြောင့် ဒီလိုလက္ခဏာတွေပြသလေ့ရှိကြောင်းလည်း သိရပါတယ်။ ဂျပန်အမျိုးသမီးငယ်မှာတော့ အထက်ပါလက္ခဏာတွေပေါ်ပေါက်တာမရှိဘဲ အခုအခါ နာလန်ထကာ ကျန်းမာလျက်ရှိကြောင်းသိရပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top