Healthy Life Ad
International

၉၆ စင်တီမီတာအရွယ်အစားရှိ ဦးခေါင်းကြီးကလေးငယ် ခွဲစိတ်မှုအောင်မြင်

၊ မိုးမင်းထွန်း ၊

အိန္ဒိယနိုင်ငံ၊ ကျေးရွာတစ်ရွာမှ ခုနှစ်လအရွယ် ကလေးငယ်တစ်ယောက်ရဲ့ဦးခေါင်းဟာ ၉၆စင်တီမီတာအရွယ်အစားထိ ကြီးထွားလာခဲ့ပါတယ်။ ရွာသားတွေက ကလေးငယ်ကို တစ္ဆေကလေး၊ ခေါင်းကြီးလေးအဖြစ် နာမည်ပေးထားကြပြီး သူတို့မိသားစုကိုလမ်းတွေ့ရင် အခေါ်အပြောမလုပ်ခဲ့ပါဘူး။

အိန္ဒိယအစိုးရရဲ့အကူအညီနဲ့ လွန်ခဲ့တဲ့ နိုဝင်ဘာ ၂၀ရက်နေ့က ဆေးရုံတက်ပြီး ဆေးကုသမှုခံယူခဲ့ကြပါတယ်။ Hydrocephalus ခေါ်တဲ့ ဦးနှောက်တွင်း အရည်စုဖွဲ့မှုရောဂါရနေကြောင်းတွေ့ရှိရပြီး ကလေးဦးခေါင်းထဲမှာ အရည် ၅ ဒသမ ၅ လီတာ စုဖွဲ့နေကြောင်း တွေ့ရှိခဲ့ပါတယ်။ ဆရာဝန်တွေက ဦးခေါင်းဖောက်ထုတ်စက်မှတစ်ဆင့် အရည် ၃ ဒသမ ၇ လီတာကို ဖောက်ထုတ်ဖယ်ရှားပေနိုင်ခဲ့ပါတယ်။ ကလေးဦးခေါင်းအရွယ်အစားကို ၉၆ မှ ၇၀ စင်တီမီတာအရွယ်အစားထိ လျှော့ချနိုင်ခဲ့ပါတယ်။

ကလေးရဲ့ အသိဉာဏ်လုပ်ဆောင်ချက်တွေကောင်းမွန်ပြီး ကုသမှုကို ကောင်းမွန်စွာတုံ့ပြန်နေကြောင်း သိရပါတယ်။ ခွဲစိတ်ဆရာဝန်တွေက ကလေးရဲ့ ဦးခေါင်းခွံပုံစံမှန်အောင်ပြုပြင်ပေးဖို့ စီစဉ်နေကြပါတယ်။ ကလေးရဲ့မိဘတွေက ကလေးငယ်ပုံမှန်ဘဝအတိုင်းနေထိုင်နိုင်ပြီး ပတ်ဝန်းကျင်ရဲ့ ကလေးအပေါ် အမြင်တွေပြောင်းလဲသွားဖို့ မျှော်လင့်ကြောင်းပြောကြားပါတယ်။

၂၀၁၁ခုနှစ်က Hydrocephalus ရောဂါနဲ့ အမျိုးသမီးငယ်တစ်ယောက်ရဲ့ ဦးခေါင်းဟာ ၉၄ စင်တီမီတာအရွယ်ရှိပြီး ကမ္ဘာ့အကြီးဆုံးဦးခေါင်းအဖြစ် စံချိန်တင်ထားတာကြောင့် ယခုကလေးငယ် စံချိန်ချိုးနိုင်မလားဆိုတာ နိုင်ငံတကာ ဆေးမှတ်တမ်းတွေကို စစ်ဆေးနေကြောင်း ဆရာဝန်တွေက ပြောကြားပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top