Healthy Life Ad
Health Tips

ရေရှည်ကျန်းမာစေရန် ကိုယ်နေဟန်ထား စမတ်ကျကျနေပါ

၊ လရိပ်မေ ၊

ကိုယ်နေဟန်ကို ပြောင်းလဲလိုက်တာကြောင့် ကိုယ့်အသွင်အပြင်ကို ပြောင်းလဲသွားစေနိုင်သလို ရေရှည်ကျန်းမာရေးကောင်းကျိုးကိုလည်း ရရှိစေပါတယ်။

(၁) မတ်မတ်ရပ်ပါ

ခြေထောက်နှစ်ချောင်းပေါ်မှာအညီအမျှ မတ်တပ်ရပ်ပြီး ကျောပြင်ကို ဖြောင့်ဖြောင့်ထားပါ။ ဒူးနဲ့ တင်ပါးကို ပျော့ပျောင်းစွာထားပါ။ ဦးခေါင်းကို မတ်မတ်ထားပြီး ရပ်ပါ။ ကျောရိုးကိုဖြောင့်ထားတာကြောင့် အရပ်အနည်းငယ်ရှည်လာသလို ထင်ရစေပြီး ပိုကြံ့ခိုင်လာစေပါတယ်။ ဝမ်းဗိုက်ပူတာကို လျော့ကျစေပြီး ခါးနာတာကိုသက်သာစေပါတယ်။

(၂) လျှောမထိုင်ပါနှင့်

လျှောထိုင်တာကြောင့် ပခုံးနဲ့ လည်ပင်း တွေကိုနာကျင်စေပါတယ်။ ပခုံးနှစ်ဖက်ကြား အကျယ်ကို မျှတအောင်ထားတာကြောင့် ခါး သေးစေကာ လည်ပင်းနဲ့ ပခုံးနာကျင်မှုဖြစ်နိုင် ခြေကို လျော့ကျစေပါတယ်။ ဒါကြောင့် မတ်မတ်ထိုင်ပါ။

(၃) ယောဂကျင့်ပါ

ယောဂကျင့်စဉ်အမျိုးမျိုးရှိပေမယ့် ယောဂကျင့်စဉ်အားလုံးက စွမ်းအား၊ ပျော့ပျောင်းသန်စွမ်းမှုနဲ့ ဟန်ချက်ညီမျှမှုတို့ကို ပေးစွမ်းနိုင်ပါတယ်။ ယောဂကျင့်တာကြောင့် သက်လုံကောင်းစေပြီး ခန္ဓာကိုယ်အပန်းပြေကာ အနားရစေပါတယ်။

(၄) မှန်ရှေ့တွင် လေ့ကျင့်ပါ

ကိုယ်နေဟန်က စမတ်မကျဘူးထင်ရင် မှန်ရှေ့မှာရပ်ပြီး လေ့ကျင့်ကြည့်ပါ။ မတ်မတ်နေတဲ့ အကျင့်ရှိလာရင် စိတ်ရောကိုယ်ပါ လန်းဆန်းနေပါလိမ့်မယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top