Healthy Life Ad
International

ရှားပါးရောဂါကြောင့် မွေးကင်းစမှ လက်ရှိအရွယ်အထိ အဖြစ်အပျက်များကို အသေးစိတ်မှတ်မိနေသူ အမျိုးသမီး

၊ မိုးမင်းထွန်း ၊

သြစတြေးလျနိုင်ငံမှ အသက် ၂၇ နှစ်အရွယ် ရေဘက်ကာရှားလော့ခ်ဟာ ရှားပါးရောဂါကြောင့် မွေးကင်းစကနေ လက်ရှိအရွယ်အထိ အဖြစ်အပျက်တွေကို အသေးစိတ်မှတ်မိနေပါတယ်။


သူဟာ Highly Superior Autobiograp­hical Memory(HSAM) အမည်ရတဲ့ ကိုယ်တိုင်­ ရေးအတ္ထုပ္ပတ္တိရောဂါခံစားနေရပြီး ကမ္ဘာပေါ်မှာ ရောဂါခံစားနေရသူ လူ ၈၀ အနက် တစ်ဦးအပါအဝင် ဖြစ်ပါတယ်။ ရောဂါကြောင့် ရေဘက်ကာဟာ တစ်နှစ်ပြည့်မွေးနေ့က ရရှိတဲ့ လက်ဆောင်တွေကအစ ဘဝဖြစ်စဉ်အသေးစိတ်ကိုမှတ်မိနေပြီး သာမန်ထက်ထူးကဲတဲ့ မှတ်ဉာဏ်ပိုင်ဆိုင်နေကာ ဟယ်ရီပေါ်တာ ဝတ္ထုတွေကို နှုတ်တိုက်ပြန်လည်ပြောပြနိုင်ကြောင်း သိရပါတယ်။

ရောဂါရှင်တွေဟာ အတိတ်က နာကျင်စရာအတွေ့အကြုံတွေကိုလည်း အသေးစိတ်မှတ်မိနေတတ် ပါသေးတယ်။ ရေဘက်ကာဟာ လောလောဆယ်အမေရိကန်နဲ့ သြစတြေးလျသိပ္ပံပညာရှင်တွေပြုလုပ်နေတဲ့ လူ့မှတ်ဉာဏ်လေ့လာမှုစမ်းသပ်မှုနှစ်ခုမှာ ပါဝင်ပေးနေပါတယ်။ သုတေသနတွေက လူသားမှတ်ဉာဏ်အကြောင်း ပိုမိုနားလည်လာစေကာ သူငယ်ပြန်မှတ်ဉာဏ်ချို့ယွင်းတဲ့ ရောဂါလို မျိုးအလားတူရောဂါတွေ ကုသနိုင်ဖို့ကူညီနိုင်လိမ့်မယ်လို့ ရေဘက်ကာက မျှော်လင့်ထားပါတယ်။
(Ref;ID)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top