Healthy Life Ad
International

မျက်နှာပုံစံပျက်ယွင်းဝေဒနာရှင်လေးက ကလေးအဝတ်အထည် အမှတ်တံဆိပ် မော်ဒယ်ဖြစ်လာ

၊ မိုးမင်းထွန်း ၊

ဗြိတိန်နိုင်ငံမှ အသက်နှစ်နှစ်အရွယ် လူဝီဟိဟာရီးယော့ဟာ မွေးရာပါ Treacher-Collins syndrome ရောဂါခံစားနေရပါတယ်။ ဒီရောဂါကပါးရိုးတွေ၊ မေးရိုးနဲ့ မျက်လုံးအိမ်တွေ ပုံစံမမှန်ကြီးထွားစေတတ်တဲ့ရောဂါမျိုး ဖြစ်ပါတယ်။ မျိုးဗီဇဖောက်ပြန်တာကြောင့် ဖြစ်ပွားလေ့ရှိပြီး ဝေဒနာရှင်တွေမှာ မျက်နှာပုံစံမကျတာ၊ အသက်ရှူပြဿနာဖြစ်ပွားတာနဲ့ အစားစားရ အဆင်မပြေတာတွေ ဖြစ်ပွားလေ့ရှိပါတယ်။ ကလေး ငါးသောင်းမွေးတိုင်း တစ်ယောက်ခန့်သာဖြစ်ပွားတတ်တဲ့ ရှားပါးရောဂါမျိုး ဖြစ်ပါတယ်။

လူဝီရဲ့အခြေအနေဟာ ဆိုးရွားတာကြောင့် အသက်ရှူပြွန်တစ်ခု ထည့်ထားရပြီး အစာပြွန်ကနေ မိခင်ကအစာကျွေးနေရပါတယ်။ ဒါပေမဲ့ ရဲရင့်တဲ့ လူဝီလေးဟာ ရောဂါအခြေအနေကိုစိတ်မပျက်ဘဲ ပျော်ပျော်ရွှင်ရွှင်နေတတ်ကာ ပုံစံအမျိုးမျိုးနဲ့ ဓာတ်ပုံအရိုက်ခံရတာကို ဝါသနာပါသူပါ။
မကြာသေးမီက မိခင်ဖြစ်သူဟာ ကလေးအဝတ်အစား ကုမ္ပဏီတစ်ခုရဲ့ ဓာတ်ပုံပြိုင်ပွဲအတွက် လူဝီရဲ့ပုံနဲ့ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပါတယ်။ လူဝီရဲ့ပုံဟာ အွန်လိုင်းမှာ နာမည်ကျော်ကြားလူကြိုက်များသွားတာကြောင့် ကုမ္ပဏီကသူတိုရဲ့အဝတ်အစားတံဆိပ်တစ်ခုအတွက် လူဝီကို ကလေးမော်ဒယ်အဖြစ် ရွေးချယ်ခဲ့ကြောင်း သိရပါတယ်။ လူဝီရဲ့ ချစ်စရာကောင်းပြီး တစ်မူထူးခြားတဲ့အသွင်ဟာ ဖောက်သည်တွေကို ပိုမိုဆွဲဆောင်နိုင်မယ်လို့ ယုံကြည်တာကြောင့် ရွေးချယ်ခဲ့တာဖြစ်ကြောင်း ကုမ္ပဏီတာဝန်ရှိသူတွေက ပြောပါတယ်။ လူဝီရဲ့ အမေဖြစ်သူက အွန်လိုင်းမှာအားပေးခဲ့သူတွေကို ကျေးဇူးတင်ကြောင်းနဲ့ မော်ဒယ်အဖြစ်ရွေးချယ်ခံရတာကို ဝမ်းသာမိကြောင်း ပြောကြားခဲ့ပါတယ်။

(Ref;TS)

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top