Healthy Life Ad
Life Style

သင့်အိပ်မက်က ပြောပြနေသည့် သင့်အကြောင်း

၊ သဒ္ဒါထက် ၊

သင်က ဘယ်လိုအိပ်မက်မျိုးကို မက်နေသလဲဆိုတာ ကြည့်ပြီး သင့်အကြောင်း ပြောပြနေပါတယ်။

(၁) သင်က ဖန်တီးတတ်သူလား

တီထွင်ဖန်တီးတတ်သူတွေက ထုံးစံမဟုတ်တဲ့အရာတွေကို အိပ်မက်မက်လေ့ရှိကြပါတယ်။ ဥပမာ အိမ်၊ အလုပ် စတာတွေထက် သဘာဝပတ်ဝန်းကျင်က အတားအဆီးတွေ၊ မကျော်ဖြတ်နိုင်တဲ့ ကျောက်စောင်တွေကို အိပ်မက်မက်လေ့ရှိကြပါတယ်။

(၂) သင်က နှလုံးကျန်းမာရေးပြဿနာရှိသူလား

မကြာခဏ အိပ်မက်ဆိုးမက်တတ်သူတွေက နှလုံးခုန်နှုန်းမမှန်တာနဲ့ ရင်ဘတ်အောင့်တာတွေကို ပိုခံစားရတတ်ပါတယ်။ အကြောင်းကတော့ နှလုံးကျန်းမာရေးပြဿနာရှိသူတွေဟာ ညဘက်မှာ အသက်ဝ၀ရှူနိုင်ဖို့ ပိုခက်ခဲတာကြောင့်ဖြစ်ပါတယ်။

(၃) သင်က တစ်ခုခုကို ရှောင်ပြေးနေချင်သလား

နောက်ကနေ သူစိမ်းလိုက်တာ၊ မကောင်းဆိုးဝါးလိုက်လံနှောင့်ယှက်တာ စတဲ့ အိပ်မက်တွေကို မက်နေတတ်ရင် သင်ကလက်တွေ့ဘဝမှာ တစ်ခုခုကိုရှောင်ပြေးချင်နေပါတယ်။ ဘယ်သူ၊ ဘယ်အခြေအနေ၊ ဘယ်လိုစိတ်ခံစားချက်က သင့်ကိုစိတ်အနှောင့်အယှက်ပေးနေသလဲဆိုတာ ကိုယ့်ကိုယ်ကိုယ်ပြန်မေးကြည့်ဖို့ အချိန်တန်နေပါပြီ။

(၄) သင်က နိုင်ငံရေးအမြင်ရှိသူလား

ဝေဖန်ရေးသမားတွေက ဆန်းပြားတဲ့အိပ်မက်တွေကိုမက်တတ်ပြီး ရှေးရိုးစွဲနိုင်ငံရေးသမားတွေက ငယ်ဘဝတွေကို အိပ်မက်မက်တတ်ကြပါတယ်။

(၅) သင်က အလုပ်စွဲနေသလား

အလုပ်ချိန်မမှီမှာစိုးလို့ အပြေးအလွှားသွားနေရတဲ့ အိပ်မက်တွေ၊ ကားပျက်လို့ စိတ်အနှောင့် အယှက်ဖြစ်ကြောင်းမက်တဲ့ အိပ်မက်တွေကိုမက်နေရင် အလုပ်စွဲတာဖြစ်နိုင်ပါတယ်။

(၆) သင်က စိတ်ဓာတ်ကျနေသလား

စိတ်ဓာတ်ကျတဲ့သူတွေက တခြားတွေထက် အိပ်မက်တွေကို ပိုမက်တတ်ပါတယ်။ အိပ်မောကျပြီး အချိန် ၄၅ မိနစ်အတွင်းမှာကို အိပ်မက်မက်တတ်ပါတယ်။

(Healthy Life ဂျာနယ်မှ စီစဉ်တင်ဆက်သည့် အပတ်စဉ် သောကြာနေ့ထုတ် Healthy Life ဂျာနယ်၊ https://www.facebook.com/healthylifejournalmyanmar/ နှင့် www.healthylifejournalmyanmar.com တို့တွင် ဖော်ပြပါရှိသမျှ ကျန်းမာရေးနှင့် အလှအပဆိုင်ရာ သတင်းများ၊ သတင်းဆောင်းပါးများ၊ အမေးအဖြေများ၊ ဘာသာပြန်ဆောင်းပါးများကို လွတ်လပ်စွာ မျှဝေနိုင်ပါသည်။ သို့ရာတွင် မည်သည့် Facebook စာမျက်နှာ၊ Website များတွင်မဆိုပြန်လည်ကူးယူဖော်ပြခြင်းကို ခွင့်မပြုပါကြောင်း အသိပေး ကြေညာအပ်ပါသည်။)

Most Popular

Healthy Life Ad
To Top